နိုင်ငံတော် ဆိုသည့် လှေကြီးဖြင့် ဒီမိုကရေစီပန်းတိုင်သို့ ချီတက်ရာတွင် ပါဝင် ဆောင်ရွက် နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော် ဆိုသည့် လှေကြီးဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အပါအဝင် လှော်တက် အသီးသီးဖြင့် တက်ညီလက်ညီ လှော်ခတ် ချီတက်နေကြောင်း၊ တပ်မတော်သည် လည်း လှော်တက်တခု အဖြစ် ပါဝင် လှော်ခတ်နေကြောင်း၊ ယမန်နေ့က တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ပညာရေးနှင့် ကျန်းမာရေး မြှင့်တင်မှု လုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြ ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။