အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency – JICA) ၏ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဌာန အကြီးအကဲ Dr. Hiroshi SHIRAKAWA နှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် ပညာရေး ကဏ္ဍ အတွက် အရေးကြီးသော လူသား အရင်းအမြစ်များ အရည်အသွေး မြှင့်တင်ရေး၊ သုတေသနဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ပညာရေးနှင့် သုတေသန လုပ်ငန်းများ အတွက် အထောက်အကူပြုသည့် စာကြည့်တိုက်လုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့် ပတ်သက်၍ ဆွေးနွေးကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။