သတင်းတို

စစ်အရာရှိ ၁ ဦး နှင့် ပုဂ္ဂလိက ကုမ္ပဏီ ၃ ခု အမေရိကန် ဒဏ်ခတ် အရေးယူ

This article has been converted from Zawgyi One to Unicode

မြောက်ကိုရီးယား နှင့် စစ်လက်နက် ပစ္စည်း ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်သည်ဟူသော ပုဂ္ဂလိက သတ္တု တူးဖော်ရေး ကုမ္ပဏီ ၃ ခုနှင့် တပ်မတော်မှ ဒု ဗိုလ်မှူးကြီး တဦးကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှု ပြုလုပ်လိုက်သည်။ Asia Metal ၊ စိုးမင်း ထိုက် ၊ Excellence Mineral ကုမ္ပဏီ ၃ ခုနှင့် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှု ညွှန်ကြားရေးမှူးရုံး (Directorate of Defence Industries – DDI) (ကကထုတ်) ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး ကျော်ညွန့်ဦး တို့ကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနက ဒဏ်ခတ်ပိတ်ဆို့ အရေးယူ လိုက်ကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား အပေါ် နိုင်ငံ တကာက ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားသည့် ကြားမှ လက်နက်မှာယူ ရောင်းဝယ်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ယခုနှစ် ဇူလိုင် လကလည်း ကာကွယ် ရေး ပစ္စည်း ထုတ်လုပ်မှု ညွှန်ကြားရေးမှူးရုံး အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးကိုလည်း ပိတ်ဆို့ ဒဏ် ခတ်သည့် စာရင်းတွင် ထည့်သွင်း ခဲ့သေးသည်။

Loading