ကုလသမဂ္ဂက သတ်မှတ်ထားသည့် ယနေ့ ကျရောက်သော နိုင်ငံတကာ ပြည်ပရွှေ့ပြောင်း နေထိုင်သူများနေ့(International Migrants Day)သည် ၁၃ နှစ်ပြည့်ပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။ ပြည်ပ ရွှေ့ပြောင်းနေထိုင်သူများ နိုင်ငံတကာ နေ့ အဖြစ် ဒီဇင်ဘာ ၁၈ ရက်ကို ၂၀၀၀ ပြည့်နှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံက တရားဝင် သတ်မှတ်ကြေညာထားခြင်း ဖြစ် သည်။ ကမ္ဘာတဝန်း ရွှေ့ပြောင်း နေ ထိုင်သူ ခန့်မှန်းခြေ ၂၃၂ သန်းရှိကြောင်း ကုလသမဂ္ဂ၏ စာရင်းအရ သိရသည်။ ထိုစာရင်းတွင် အကြောင်းကြောင်းကြောင့် ပြည်ပ၌ ရွှေ့ပြောင်း နေထိုင်ကြရသည့် မြန်မာနိုင်ငံသားများလည်း ပါဝင်သည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။