ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တရုတ်နိုင်ငံသား ၆ ဦးကို မြစ်ကြီးနား ရဲစခန်းက ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ၎င်းတို့ သည် အလည်အပတ် ဗီဇာနှင့် လာရောက်ခြင်း ဖြစ်၍ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် မရှိကြောင်း၊ သို့ရာတွင် တရားမဝင် အလုပ်လုပ်ကိုင်နေခြင်းကြောင့် ဖမ်းဆီးခြင်း ဖြစ်သည်။ အလားတူ ပြီးခဲ့သည့် သတင်းပတ်က ရမည်းသင်းမြို့ မိုးထိမိုးမိ ဒေသရှိ အမျိုးသားကြီးပွားရေး ရွှေတူးဖော်ထုတ်လုပ်မှု ကုမ္ပဏီ၏ ရွှေလုပ်ကွက် များတွင် တရားမဝင် လာရောက် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကိုလည်း ဖမ်းဆီး ပြည်နှင်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။