သတင်းတို

လယ်ယာမြေ အမှု ၁၂၀၀၀ ခန့်ရှိ

This article has been converted from Zawgyi One to Unicode

လယ်ယာမြေ စုံစမ်း စစ်ဆေးရေး ကော်မရှင်သို့ တိုင်းကြားထားသည့် လယ်ယာမြေ အဓမ္မသိမ်းယူခံရသည်ဟု ဆိုသော အမှုပေါင်း ၁၂၀၀၀ ခန့်ရှိကြောင်း သိရသည်။ ပြင်ဦးလွင်မြို့ ဧဒင် မိုတယ်တွင် ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်သည့် တောင်သူ့အသံ ဖော်ထုတ်ပွဲ၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း ယနေ့ထုတ် စံတော်ချိန် သတင်း စာ ၌ ဖော်ပြ ထားသည်။ အစိုးရ အဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များ နှောင့်နှေးကြံ့ကြာမှုကြောင့် ပြည်သူ၏ အထင်လွဲမှုနှင့် ရင်ဆိုင်နေရကြောင်းလည်း ၎င်းက ပြောဆိုသည်။

Loading