မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် အတွင်း ဘိန်းထုတ်လုပ်မှု ၂၆ ရာခိုင်နှုန်းတိုးလာပြီး မက်ထရစ်တန်ချိန် ၈၇၀ အထိ ရှိလာကြောင်း UNODC ၏ အစီရင်ခံစာ အရ သိရသည်။ ဘိန်းစိုက်မျိုးမှု၏ ၉၂ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် ဖြစ်ပြီး ကျန် ၈ ရာခိုင်နှုန်းသည် ကချင်ပြည်နယ်တွင် ဖြစ်ကြောင်း၊ ဘိန်းစိုက်ဧရိယာသည် ၂၀၁၂ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်းအထိ တိုးလာကြောင်း၊ ဒေသတွင်း မက်သာအဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်ရာ အဓိက နိုင်ငံတခုဖြစ်သကဲ့သို့ အိမ်နီးချင်း နိုင်ငံများ၌လည်း မြန်မာနိုင်ငံက ထုတ် လုပ်သည့် စိတ်ကြွဆေး ဖမ်းဆီးရမိမှု ပိုမိုများပြားလာကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။