ကုလားတန် ဘက်စုံစီမံကိန်းကို အဆင့် ၃ ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ရာ ပထမအဆင့် အပိုင်းကို ၂၀၁၄ ခုနှစ် ဇွန်လတွင် အပြီးသတ်နိုင်ရန် မျှော်လင့်ကြောင်း စီမံကိန်း ကန်ထရိုက်တာ Essar ကုမ္ပဏီ က ပြောသည်။ ယင်း စီမံကိန်းကို မြန်မာနှင့် အိန္ဒိယ အစိုးရများက ၂၀၀၈ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အပြီး သတ် အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၂၁၄ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။