• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်ဆောင်း အအေးဆောင့်တက်၊ အနွေးထည် အရောင်းသွက်

by သီဟတိုး
19 December 2013
in သတင်း
A A
ရန်ကုန်, ဆောင်း, အနွေးထည်, ဖက်ရှင်

အနော်ရထာ လမ်းမပေါ်က အနွေးထည်အရောင်းဆိုင် တဆိုင်မြင်ကွင်း (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

3.3k
VIEWS
Share on FacebookShare on Twitter

ဒီဇင်ဘာလ တတိယပတ် အတွင်းကစလို့ သိသိသာသာ ပြောင်းလဲလာတဲ့ ချမ်းအေးမှုနဲ့အတူ သာမန်အားဖြင့် ဆောင်းရာသီ ဆိုရင် အနွေးထည်ဝတ်စရာ မလိုတဲ့ ရန်ကုန်မြို့ဟာ အခုတော့ ကလေး၊ လူကြီး၊ လူငယ် ကျား၊ မ မရွေး အနွေးထည် ကိုယ်စီနဲ့ ဝတ်စားသွားလာ လှုပ်ရှားနေကြတာကို တွေ့နေရပါပြီ။

အိန္ဒိယက တိုက်ခတ်လာတဲ့ မြောက်ပြန်လေ အေးအေးတွေကြောင့် အနွေးထည် မဝတ်ရတာ ကြာပြီဖြစ်တဲ့ ရန်ကုန်မြို့က လူတွေအတွက် အလုပ်တခု ပိုလာတယ်လို့ပဲ ဆိုရမှာပါ။ ဒါပေမယ့်လည်း အရင်လို ပူအိုက်အိုက် မွန်းကြပ်ကြပ် သွားလာ နေရတာထက် စာရင် အခုလို ချမ်းချမ်းအေးအေးနဲ့ အနွေးထည် မထူမပါးလေးတွေ ဝတ်ပြီး အလုပ်လုပ်ရတာ ပို သက်သောင့်သက်သာ ရှိတာတော့ အသေအချာပါပဲ။

RelatedPosts

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

15 July 2025
37
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
736
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
606

နေ့တာတိုတဲ့ ဆောင်းတွင်းရဲ့ သဘာဝအတိုင်း ရန်ကုန်မြို့ရဲ့ ညနေ နေဝင်ချိန်ကို စောစီးစွာ ရောက်လာပြီဆိုရင်ပဲ ရန်ကုန်မြို့တွင်း နေရာအနှံ့က ရုံး အလုပ်လုပ်သူတွေ၊ ကျောင်းတက်သူတွေဟာ ဆောင်းမြောက်ပြန်လေရဲ့ တိုးဝှေ့ ကျီစယ်တဲ့ ချမ်းအေးမှုကို ခံစားရင်း မိမိတို့ နေထိုင်ရာ အိမ်ကိုပြန်ကြရပါတယ်။

ဒီလိုအချိန် ရန်ကုန်မြို့ရဲ့ အနော်ရထာ လမ်းမတလျောက် ဆူးလေတဝိုက်က လမ်းဘေး Export ထည် အရောင်းဆိုင်တွေ၊ လေဘေးထည် ဆိုင်တွေ၊ ဖက်ရှင်ဆိုင်တွေအသီးသီးမှာ အနွေးထည်တွေ လက်မလည်အောင် အရောင်းသွက် နေတာ ကိုလည်း ဒီရက်ပိုင်းအတွင်း သိသိသာသာ တွေ့နေရတယ်။

“ကြိုက်တာယူ တထည် ၂၅၀၀” ဆိုပြီး အော်ဟစ်ရောင်းချနေတဲ့ အနော်ရထာလမ်းပေါ်က လေဘေးဆိုင် အတွေမှာလည်း ဈေးပေါပေါနဲ့ ရံဖန်ရံခါ အရည်အသွေးကောင်းကောင်း အထည်တွေ ရတတ်တာကြောင့် သူ့ထက်ငါ အလုအယက် အပြိုင်အဆိုင် ရွေးချယ် ဝယ်နေသူတွေ တွေ့ရသလို ရောင်းရတဲ့သူကလည်း နေ့ခင်းဘက် သုံးနာရီလောက်ကနေ ညဘက် ရှစ်နာရီကျော် လောက်အထိ လက်မလည်အောင် မနားတမ်း ရောင်းနေရပါတယ်။

“မနှစ်ကထက်စာရင် ရန်ကုန်ဆောင်းက ဒီနှစ်မှာအေးတော့ အနွေးထည် အတော်လေး ရောင်းရပါတယ်။ မနှစ်ကတော့ သိပ်မရောင်းရတဲ့ အတွက် တွက်ခြေမကိုက်ဘူး၊ ရှုံးတယ်။ ဒီရက်ပိုင်းကတော့ အနွေးထည် ရောင်းအားကို ပုံမှန် ဝင်ငွေမှန်းလို့ မရဘူး။ ဆောင်းတွင်း မတိုင်ခင်ကတော့ တရက်ကို ငါးသောင်း၊ ခြောက်သောင်း ဖိုးလောက် ရောင်းရတယ်။ အခု ဆောင်းတွင်း ကာလမှာတော့ ဒီရက်ပိုင်းအတွင်း သိသိသာသာ အေးလာပြီးနောက်ပိုင်း တရက်ကို နှစ်သိန်း၊ သုံးသိန်းဖိုး ရောင်းရပါတယ်” လို့ အထည်ရောင်း သက်တမ်း ၁၀ နှစ် ရှိပြီဖြစ်တဲ့ ရန်ကုန်မြို့ အနော်ရထာလမ်းမှာ Export ထည်တွေ ရောင်းချတဲ့ အသက် ၅၃ နှစ် အရွယ် ဒေါ်စန်းစန်းမြင့်က ဧရာဝတီ ကိုပြောပါတယ်။

“ဦးဆိုင်က ဒီနှစ်လေဘေး အနွေးထည် ရောင်းအားကတော့ တနေ့ကို လေးငါးသောင်းဖိုးလောက် ရောင်းရတယ်။ တနေ့ကို တသောင်းလောက်တော့ အမြတ်ကျန်ပါတယ်။ မနှစ်ကတော့ အရောင်းပါးတယ်။ မရောင်းရဘူး။ ဒီနှစ်ကတော့ပိုအေးတော့ ပိုရောင်းရတယ်။ ဦးရဲ့ဆိုင်မှာတာ့ အရောင်းဝန်ထမ်းမထားဘူး။ ဦးတယောက်တည်း ဆိုင်ရှင် ကိုယ်တိုင်ပဲရောင်းတယ်။ အထည်တွေကတော့ အစားစားပဲ။ ငါးထောင်ကျော် လောက်ကနေ တသောင်းကျော်တန်လောက်ထိရှိတယ်။ ဒီလေဘေးထည်တွေကို မင်္ဂလာဈေးကနေ အထုပ်လိုက်ယူတယ်။ တထုပ်ကို ၂သိန်းခွဲကျန်တယ်။ တခါယူရင် ၁၀ ထုပ်ယူတယ်။ အခုဒီနှစ် ဆောင်းတွင်းမှာ ၃ ထုပ်ကုန်သွားပြီ။ အထုပ်တွေ အကုန်ရောင်းရမယ်လို့ မျှော်လင့်ပါတယ်” လို့ လေဘေးထည် ရောင်းတာ နှစ် ၃၀ နီးပါးရှိပြီ ဖြစ်တဲ့ ပန်းပဲတန်းမြို့နယ် အနော်ရထာ လမ်းမပေါ်က လေဘေးရောင်းချသူ အသက် ၅၀ အရွယ် ဦးစံငြိမ်းက ပြောပြတယ်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ် ပန်းဆိုးတန်းမှတ်တိုင်အနီး ခေါင်းစွပ်၊ ခြေအိတ်၊ လက်အိတ်တွေ ရောင်းချသူ တဦးကလည်း ဒီရက်ပိုင်းမှာ တော်တော်အေးလာလို့ သူ့ဆိုင်က အရောင်းသွက်တဲ့ အကြောင်း၊ တနေ့ကို ငါးသောင်း၊ ခြောက်သောင်း ဖိုးလောက်အထိ ရောင်းရကြောင်း ရှင်းပြတယ်။

သူက “ဒီရာသီက ဘုရားဖူးရာသီလည်း ဖြစ်တော့ ကျိုက်ထီးရိုး ဘုရားသွားမယ့် သူတွေကလည်း လက်အိတ်၊ ခြေအိတ်တွေ အများကြီး လာဝယ်ကြတယ်။ ပြီးတော့ ရန်ကုန်မြို့ထဲပိုင်းသာ သိပ်မအေးတာ၊ တောင်ဒဂုံ၊ သာကေတ ဘက်ဆို တအား အေးတော့ အဲဒီဘက်မှာ နေတဲ့သူတွေလည်း အတော် လာဝယ်ကြတယ်” လို့ ဧရာဝတီကို ပြောတယ်။

ဒီအချိန်ဟာ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းတို့က ရာသီဥတု အခြေအနေအရ ဆောင်းရဲ့အအေးဒဏ်ကို အံတုဖို့ အနွေးထည်တွေ ဝတ်ဆင်ကြရတဲ့ အချိန်ဖြစ်သလို၊ ခေတ်လူငယ်တွေ ကလည်း အခုခေတ် ဖက်ရှင် ရေစီးကြောင်းကို မျောပါရင်း ဖက်ရှင်ကျကျ အနွေးထည်၊ ခေါင်းစွပ်၊ ရှူးဖိနပ် စတာတွေကို စတိုင်မိမိ၊ ဒီဇိုင်းမိုက်မိုက်၊ ခပ်လန်းလန်းပုံစံတွေနဲ့ အပြိုင်အဆိုင် ရှိုးထုတ် ပဲများလို့ ကောင်းနေကြတဲ့ အချိန်ဖြစ်ပါတယ်။

လူငယ်တွေကြားမှာ အနွေးထည်၊ ခေါင်းစွပ်၊ ရှူးဖိနပ်လို့ ပြောလိုက်တာနဲ့ ကိုးရီးယားစတိုင် Cute ဖြစ်တဲ့ ပုံစံလေးတွေ၊ ခေါင်းစွပ် ဦးထုတ်ရှည်ရှည်လေးတွေ၊ ဟစ်ပ်ဟော့ပ်ဂီတကို နှစ်သက်တဲ့ လူငယ်အများစုကြိုက်တဲ့ Swag ဖက်ရှင်လို့ခေါ်တဲ့ ခေါင်းစွပ် နောက်မြီး ရှည်ရှည်တွဲတွဲလေးတွေ၊ တီရှပ်နဲ့ ခေါင်းစွပ်အနွေးထည် Hoddy အင်္ကျီ၊ ဂျင်းဝေ့စ်ကုတ် စသဖြင့် တွဲဝတ်ရတဲ့ ဖက်ရှင်လေးတွေကို All Star လန်းလန်းလေး၊ ဒါမှမဟုတ် Boots အမိုက်စား လေးတွေနဲ့ တွဲဝတ်နေကြတာကို တွေ့ရပါတယ်။

ဒီအထည်တွေကတော့ ဈေးနှုန်းကို ၅ ထောင်ကျော် ဝန်းကျင်ကနေစလို့ အနွေးထည်အများစုက သောင်းဂဏန်း ဝန်းကျင်မှာရှိပါတယ်။

Your Thoughts …
Tags: SocietyWeather
သီဟတိုး

သီဟတိုး

ဧရာဝတီ

Similar Picks:

ဗေဒင်, ယတြာ, ဓလေ့ထုံးစံ

ဗေဒင်မေးကြသည်၊ ဗေဒင်ဟောကြသည်

by မေစစ်ပိုင်
9 April 2014
7.1k

စာမေးပွဲအောင်ဖို့ အဆောင်ပစ္စည်း လုပ်တာ၊ အိမ်ထောင်ပြုဖို့ နေ့ကောင်းရက်မြတ်နဲ့ အဝတ်အထည် အရောင် ရွေးချယ်မှုက စလို့ ဘဝအတွက် အရေးပါမည် ထင်သည့် ကိစ္စ တော်တော်များများမှာ ဗေဒင်ဆရာကို ပြေးပြီး တိုင်ပင်တတ်ကြတဲ့ စရိုက်

စားပွဲထိုး ဗိုလ်ချုပ် (သို့မဟုတ်) ဦးလွန်းမောင်

စားပွဲထိုး ဗိုလ်ချုပ် (သို့မဟုတ်) ဦးလွန်းမောင်

by ဧရာဝတီ
28 February 2014
84.3k

တပ်မတော် အရာရှိကြီးများ အနားယူပြီးလျှင် စီးပွားရေး လုပ်ငန်းကြီးများ ဆက်လက် လုပ်ကိုင်ပြီး ကောင်းကောင်း မွန်မွန် နေထိုင်နိုင်ကြသည်။ စစ်စွပ်ကျယ် ဝတ်ထားပြီး တခါတရံ စားပွဲထိုးသော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်မှာမူ အမြင်ဆန်းနေသည်။

လိင်ဖျော်ဖြေရေး, မြဝတီ, ရာမစိတ်ကြွဆေး

ရာမလက်က ရုန်းမထွက်နိုင်တဲ့ ညနတ်သမီးများ

by ကျော်ခ
10 February 2014
22.6k

ဆိုင်ရှင်တွေ ကလည်း လိင်ဖျော်ဖြေရေး အလုပ်သမတွေ စိတ်ကြွဆေး သုံးစွဲမှန်း သိပေမယ့် အလုပ်အတွက် အထောက် အကူ ဖြစ်တာကြောင့် တားမြစ်တာမျိုး မလုပ်ဘူး

ဧဝရက် တောင်, နီပေါနိုင်ငံ, ဟိမဝန္တာ, မြန်မာ တောင်တက်သမား ၅ ဦး, ခက်ဒမန်ဒူ, ဦးတေဇ

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင် မြန်မာ ၅ ဦး ပထမဆုံး အကြိမ် တက်မည်

by သစ်နေမိုး
27 February 2014
7.5k

“တောင်တက် သမားတွေရဲ့ နောက်ဆုံး ရည်ရွယ်ချက် ကလည်း ကမ္ဘာ့ အမြင့်ဆုံး တောင်ကို ခြေချဖို့ပါပဲ၊ ကျနော်တို့ အခုသွား တာကလည်း မြန်မာ လူမျိုး နိုင်ငံသား တယောက် အနေနဲ့ ကမ္ဘာ့ အမြင့်ဆုံး တောင်ပေါ်မှာ...

ရန်ကုန်, အမှိုက်, အမှိုက်သိမ်းစနစ်, မြို့တော်စည်ပင်

အမှိုက်ပြဿနာ အဖြေရှာမယ်ဆိုရင်

by သွေး (စစ်ကိုင်း)
25 February 2014
6.1k

တခု ခက်နေတာက အမှိုက်ပုံးထဲမှာ အမှိုက်တွေ ပြည့်လျှံနေပေမဲ့ တချို့နေရာတွေမှာ အချိန်မှန် လာရောက် သိမ်းဆည်းမှု မရှိတော့ ပတ်ဝန်းကျင်မှာပါ အနံ့အသက် ဆိုးတွေ ရှုရှိုက်နေရတာပါ

ရေခဲမှတ်အောက်, မိုး/ဇလ , မြန်မာနိုင်ငံ မြောက်ပိုင်း , ကချင် ရှမ်း ချင်း

မြန်မာနိုင်ငံ မြောက်ပိုင်း ရေခဲမှတ်အောက်အထိ အအေးပိုမည်

by နန်းဆိုင်နွမ်
27 January 2016
9.7k

မြန်မာနိုင်ငံတွင် ဆောင်းရာသီ ဖြစ်သော်လည်း ယခုရက်ပိုင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မြောက်ပိုင်း ဒေသ၌ ရေခဲမှတ် အောက်ထိ ကျဆင်း၍ အအေးပိုမည်ဟု နေပြည်တော် မိုးလေဝသ နှင့် ဇလ ဗေဒ ဒု ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက...

Next Post
လူကုန်ကူးမှု, အရွယ်မရောက်သေးသည့် ကလေးသူငယ်, လူကုန်ကူးမှု တားဆီးနှိမိနင်းရေး တပ်ဖွဲ့

လူကုန်ကူးခံရသည့် ကလေးသူငယ် ၂၂၄ ဦး ကယ်တင်နိုင်

ဆီးဂိမ်း, ပြေးခုန်ပစ်, မဖြူဝါသက်, နေပြည်တော်

ဆီးဂိမ်း ရွှေတံဆိပ် ဆုရှင် အပြေးသမား မဖြူဝါသက်

No Result
View All Result

Recommended

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

1 day ago
4.4k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate