အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂါယာမြို့ OTA (Officer Training Academy) ကျောင်းဆင်းပွဲ တက်ရောက်နေသည့် မြန်မာ ဒု တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယ တပ်မတော် အမှတ် ၃၊ တပ်မကြီးဌာနချုပ် တပ်မမှူး ကြီးနှင့် ယမန်နေ့က တွေ့ဆုံကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်ရေးရာ ကိစ္စရပ်များ၊ သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆန့်ကျင်ဘက် မည်သည့်အဖွဲ့အစည်းမဆို အခြေပြုခွင့် လက် မခံဘဲ သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။