သတင်းတို

မော်တော်ယာဉ် ၁၈၉,၂၂၈ စီး တင်သွင်းခွင့်ပြု

This article has been converted from Zawgyi One to Unicode

မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အထိ အထူးအစီအစဉ်ဖြင့် မော်တော်ယာဉ် ၁၁၁,၁၀၆ စီး၊ ယာဉ်အိုယာဉ်ဟောင်း အစားထိုး ပါမစ်ထုတ်ပေးမှု ၇၈,၁၂၂ စီး တင်သွင်းခွင့် ပြုခဲ့ကြောင်း ယမန်နေ့က ပြောကြားသည်။ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အစည်းအဝေး ၅/၂၀၁၃ တွင် ယင်းသို့ ပြောကြားခြင်း ဖြစ်ပြီး မော်တော်ယာဉ် အရောင်းစင်တာ ၁၄၈ ခု ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ယနေ့ထုတ် ကြေး မုံ သတင်းစာ၌ ဖော်ပြထားသည်။

Loading