• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နယ်သတင်းထောက် အပေါ် ပြစ်ဒဏ် ချမှတ်ချက်အား မီဒီယာများ ရှုတ်ချ

by စနေလင်း
20 December 2013
in သတင်း
A A
မီဒီယာ, သတင်းစာ, Daily Eleven, တရားစီရင်ရေး

မီဒီယာလွတ်လပ်ခွင့်အတွက် သတင်းထောက်များ လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြစဉ် (ဓာတ်ပုံ – ဧရာဝတီ)

2.9k
VIEWS
Share on FacebookShare on Twitter

Daily Eleven သတင်းစာ၏ ကယားပြည်နယ် လွိုင်ကော်မြို့မှ နယ်သတင်းထောက်ကို ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် ငွေဒဏ်သာ ချမှတ်နိုင်သည့် ပြစ်မှုများကို ထောင်ဒဏ်အထိ အရေးယူ အပြစ်ပေးခြင်းသည် တရားရေး မဏ္ဍိုင်၏ လုပ်ပိုင်ခွင့်များကို အသုံးချပြီး သတင်း လွတ်လပ်မှုများကို သတိပေး၊ ထိပါးလိုက်ခြင်း ဖြစ်ကြောင်း သတင်းမီဒီယာ လုပ်ကိုင်သူ တချိူ့က ရှုတ်ချလိုက်သည်။

လွိုင်ကော်မြို့ခံ နယ်သတင်းထောက် နော်ခိုင်ခိုင်အေးချို (ခ) မခိုင်ကို လွိုင်ကော် မြို့နယ် ဒုတိယ တရားသူကြီးမှ ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၅၁ အရ ထောင်ဒဏ် ၃ လ၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ထောင် ၁ လနှင့် ပြစ်မှုပုဒ်မ ၂၉၇(ခ) အရ ထောင် ၁ လတို့ကို တပေါင်းတည်း ကျခံစေရန် ဒီဇင်ဘာ ၁၇ ရက်က အမိန့် ချမှတ်ခဲ့သည်။

RelatedPosts

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

23 May 2025
397
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

23 May 2025
22
မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
3.5k

ဖြစ်စဉ်မှာ သတင်းထောက် မခိုင်သည် လွိုင်ကော်မြို့ရှိ ဒေသခံ တဦးနှင့်အတူ ယင်းဒေသခံ၏ ရှေ့နေ ဒေါ်အေးအေးဖြိုးထံသို့ ရှေ့နေခပေးရန် အတူလိုက်သွားခဲ့ပြီး ဒေသခံမှ ရှေ့နေခ မပေးနိုင်မှုကို တောင်းပန်နေစဉ် မခိုင်မှ ၎င်းသည် Eleven သတင်းစာ၏ သတင်းထောက်ဖြစ်ကြောင်း၊ သတင်း စုံစမ်း မေးမြန်းခွင့်ပြုရန် ခွင့်တောင်းသည့်အခါ ဒေါ်အေးအေးဖြိုးက ခွင့်ပြုခဲ့သည်။ မေးမြန်းနေစဉ်အတွင်း “ရှေ့နေခ ဘယ်လောက်ပေးလဲ” ဟု မေးမြန်းချက်ကို စိတ်ဆိုးပြီးနောက် ယခုလို မခိုင်အား တရားစွဲဆို ပြစ်ဒဏ် ချမှတ်သည်အထိ ဖြစ်လာသည်ဟု သိရသည်။

ဖြစ်စဉ်အတွင်း ရှေ့နေ ဒေါ်အေးအေးဖြိုးက ၎င်း၏ဖခင် လွိုင်ကော်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ရှိန်ကို ခေါ်ယူပြီး သတင်းထောက် မခိုင် အပါအဝင် ဒေသခံကို နေအိမ်အတွင်းမှ မောင်းထုတ်ခဲ့သည်ဟု ဆိုသည်။အောက်တိုဘာ ၂၉ ရက်တွင် မြို့နယ်တရားရုံး၏ ဆင့်ခေါ်စာ မခိုင်ဆီသို့ ရောက်ရှိ လာခဲ့ကြောင်း၊ ယင်းနောက် တရားရုံး ရောက်သည့်အချိန်တွင် ရှေ့နေ ဒေါ်အေးအေးဖြိုးမှ တရားလို ပြုလုပ်ကာ တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွား ပြီးနောက် Weekly Eleven ဂျာနယ်တွင် ဒီဇင်ဘာလအတွင်း “တရားခွင်မှာ တရားသူကြီး အစား ငွေထုပ်ပဲ ရှိလာတဲ့အခါ” ဆိုသည့် သတင်းဆောင်းပါး ဖော်ပြအပြီး ၂ ပတ်ကြာမြင့်ချိန်တွင် ယခုကဲ့သို့ သတင်းထောက် မခိုင်ကို ပိုင်နက်ကျူးလွန်မှု၊ ညစ်ညမ်းစွာ ပြောဆိုမှု၊ အသရေ ဖျက်မှုများဖြင့် ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“အရင်ကလည်း ဒီလို ပုဒ်မ ၅၀၀ နဲ့ပတ်သက်ပြီး တရားစွဲဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ငွေဒဏ်လောက်နဲ့ ပြီးသွားကြတာချည်းပဲ။ အခုက ထောင်ဒဏ်အထိ အပြစ်ပေးတော့ ကျနော်တော့ နားမလည်တော့ဘူး။ သရေဖျက်မှု ဖြစ်တဲ့ ပုဒ်မ ၅၀၀ ကို လိုသလို လုပ်လို့ရတယ် ဆိုတာမျိုး ပြလိုက်ရာရောက်တယ်” ဟု  Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ဆိုသည်။

စွဲချက် တင်ခဲ့သော ပြစ်မှုများကို ပြန်ကြည့်လျှင် ထောင်ဒဏ် အပြစ်ပေးခြင်းသည် အလွန် ပြင်းထန်ကြောင်း၊ အမိန့်ချ မှတ်မှုများမှာလည်း အလွန် မြန်ဆန်စွာ ပြုလုပ်လိုက်ခြင်းကို ကြည့်လျှင် တရားမျှတမှု မရှိကြောင်း၊ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပတော့မည့် အနေအထားမျိုးတွင် ယခုကဲ့သို့ သတင်းမီဒီယာများအပေါ် သတင်းယူရာတွင် ထိန်းချုပ်နိုင်စေရန် နမူနာပြုလုပ်သည့် လုပ်ရပ်တခုဟု ယူဆပါကြောင်း ကိုဝေဖြိုးက ဧရာဝတီသို့ ပြောသည်။

“နောက်ပိုင်း ရွေးကောက်ပွဲ အချိန်ဆိုရင် ပိုတောင် ဆိုးသွားမယ့် သဘောမျိုးဖြစ်နေတယ်။ သတင်းထောက်တွေ သတင်း မယူရဲအောင် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကလူတွေက ခြိမ်းခြောက်နေဆဲဆိုတာ သက်သေပြလိုက်တာပဲ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ ကဲ့သို့ မြို့ကြီးများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များဘက်မှ မီဒီယာများအပေါ် ပူးပေါင်း ဆောင်ရွက်မှုများ ရှိလာသော်လည်း နယ်ဘက် ဒေသများတွင် မီဒီယာများအပေါ် နှိပ်ကွပ်မှုများ ရှိနေသေးကြောင်း၊ ယခု Eleven သတင်းစာမှ သတင်းထောက်ကို ထောင်ဒဏ် အပြစ်ပေးခြင်းကို ကြည်ခြင်းအားဖြင့် နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဖွဲ့စည်း ပေးထားသော မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ၏ တန်ဖိုးကို ဂရုမစိုက်သော သဘောမျိုး သက်ရောက်နေကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂအဖွဲ့နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ဧရာဝတီ သို့ ပြောသည်။

နယ်မြို့ဒေသများတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတွင် သတင်းမီဒီယာများအပေါ် ယခင်အစိုးရ လက်ထက်အတိုင်း အမြင်ကြည်လင်မှု မရှိသေးဘဲ ထိန်းချုပ် လိုစိတ်ရှိနေသေးကြောင်း၊ အဆိုပါ ဖြစ်စဉ်အရ နယ်သတင်းထောက်များကို ကာကွယ်မှုပေးရန် လိုအပ်နေကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်၏ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ဧရာဝတီသို့ ပြောသည်။

“နယ်ဘက်တွေက တရားစီရင်ရေးဘက်မှာ နိုင်ငံရေးတွေ ပါနေတယ်။ မီဒီယာက လူတွေကို ကြောက်အောင် လုပ်ထားရမယ်ဆိုတဲ့ အယူအဆတွေ ရှိနေတာကို တွေ့ရတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေမှာ ဒီလို ညွှန်ကြားချက်များတောင် ရထားသလားဆိုတဲ့ သံသယ ရှိတယ်။ သတင်း လွတ်လပ်ခွင့်အပေါ် သြဇာ သက်ရောက်လိုတဲ့ သဘောမျိုး တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

မိမိတို့ နယ်သတင်းထောက်ကို ယခုကဲ့သို့ ငွေဒဏ်သာ ချမှတ်လေ့ရှိသည့် ပြစ်မှုမျိုးကို ထောင်ဒဏ် ၃ လအထိ ပြင်းထန်စွာ အပြစ်ပေးသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး လွိုင်ကော်မြို့နယ် ဒုတိယ တရားသူကြီးက အဂတိလိုက်စား၍ ဆုံးဖြတ်ခဲ့ခြင်း ရှိ၊ မရှိ၊ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် တရားစီရင်ရေး အာဏာပိုင်များ ဝင်ရောက် စွတ်ဖက် ပါဝင်ခြင်း ရှိမရှိကို စုံစမ်း စစ်ဆေးပေးရန် အတွက် နိုင်ငံတော် သမ္မတ၊ လွှတ်တော်ဥက္ကဌများ၊ တရားသူကြီးချုပ်များ၊ ဒေါ်အောင်ဆန်းစုကြည် တို့ထံ Eleven မီဒီယာက တိုင်ကြားစာ ပေးပို့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ ဂျာနယ်လစ်များအား ကာကွယ် စောင့်ရှောက်ရေး ကော်မတီ (CPJ)၊ နယ်စည်းမခြား သတင်း ထောက်များအဖွဲ့ (RSF)၊ ကမ္ဘာ့ သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA)၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သံရုံးများ အပါအဝင် ပြည်တွင်း/ ပြည်ပ သတင်းမီဒီယာများ၊ ပြည်တွင်း/ ပြည်ပ ဂျာနယ်လစ် အဖွဲ့အစည်းများထံသို့ Eleven မီဒီယာက အသိပေးစာများ ပေးပို့ခဲ့သည်။

ယင်းအပြင် Eleven မီဒီယာက ယခုကဲ့သို့ မိမိတို့ ဂျာနယ်လစ် တဦးကို မတရား ထောင်ဒဏ် ချမှတ်ခြင်းကြောင့် သတင်း လွတ်လပ်ခွင့်ကို ခြိမ်းခြောက် ထိပါးသည့် အပြင် ကာယကံရှင် သတင်းထောက်နှင့် မိမိတို့၏ ဂုဏ်သိက္ခာကို နစ်နာစေသည့် အတွက် သက်ဆိုင်သူ အားလုံးကို ဥပဒေကြောင်း အရ ဥပဒေနှင့်အညီ တရားစွဲဆိုရန် ဆောင်ရွက်သွားမည်ဟု ကြေညာသည်။

“တဦးဦးရဲ့ လုပ်ဆောင်ချက်တွေကို မီဒီယာတွေက စောင့်ကြည့် နေကြတယ်။ မှန်မှန်လုပ်ကြပါ။ မျှမျှတတ လုပ်ကြပါလို့ သမ္မတကြီးက ပြောထားတာရှိပါတယ်။ ဒီလိုခေတ်ကြီးမှာ စတုတ္ထ မဏ္ဍိုင်အတွက် တာဝန်ယူလုပ်တဲ့၊ မိမိတာဝန်အရ မိမိ လုပ်ကိုင်ရတဲ့ သတင်းထောက် တယောက်ကို ဒီလို ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲတယ် ဆိုတာ မဖြစ်သင့်ဘူး။ သေသေချာချာ မသိရသေးတော့ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာ မပြောလိုဘူး။ ဒါပေမယ့် ဒီလို အဖြစ်ကတော့ မဖြစ်သင့်ဘူး။ ဖြစ်စဉ် အပေါ် သုံးသပ်ပြောတာ မဟုတ်ပါဘူး။ သတင်းထောက် တယောက်ရဲ့ သတင်းရယူခွင့်ထဲက ဆိုရင်တော့ ဒါမျိုး မဖြစ်သင့်ဘူး” ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ် ဒုတိယ ဥက္ကဌနှင့် တရားလွှတ်တော် ရှေ့နေ ဦးဝင်းရွှေက Eleven မီဒီယာ သို့ပြောကြားကြောင်း Daily Eleven သတင်းစာ ဖော်ပြချက် အရ သိရသည်။

Daily Eleven သတင်းစာ၏ နယ်သတင်းထောက်ကို ထောင်ဒဏ် အထိ ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂ (MJU) နှင့် Pen Myanmar စသော မီဒီယာ အဖွဲ့အစည်းများက ကန့်ကွက်သည့် သဘောထား ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

Your Thoughts …
Tags: Media
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

by နိုင်မောင်
20 January 2015
14.2k

ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်းကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

by ဧရာဝတီ
31 January 2025
124

အမေရိကန်အစိုးရက နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာ တချို့ဟာ သတင်းထုတ်လုပ်ရေးနဲ့ သတင်းဌာန ရပ်တည်ရေးတွေအတွက်ပါ စိန်ခေါ်မှုတွေကြုံနေကြရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

by ရန်ပိုင်
15 July 2013
11.2k

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့ခဲ့တာပါ။

အစိုးရ သတင်းစာ, ကြော်ငြာခ, ပုဂ္ဂလိက စာနယ်ဇင်း

အစိုးရ သတင်းစာများ ကြော်ငြာနှုန်း လျှော့ချမှု ပုဂ္ဂလိကဈေးကွက် ထိခိုက်နိုင်ဟု ဆို

by ဇူးဇူး
23 January 2015
2k

လက်ရှိ ပုဂ္ဂလိက သတင်းစာတွေရဲ့ လည်ပတ်မှုနှုန်းက ဘာကိုမှီခိုပြီး သွားရမလဲ ဆိုတော့ ကြော်ငြာကိုပဲ မှီခိုပြီး သွားရမယ်။ ကြော်ငြာရရင် အရှုံး သက်သာမယ်၊ မရှုံးဘူး။ ကြော်ငြာ မရဘူး ဆိုရင်တော့ ရှုံးမယ်၊ ရေရှည်မှာ ရပ်တည်ဖို့...

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

by ဧရာဝတီ
27 April 2015
28.2k

သြစတြေးလျရုပ်သံလိုင်းတခု ဖြစ်သည့် Nine Network ၏ “မိနစ် ၆၀ (60 Minuites)” အစီအစဉ်က သူ၏ အသုံးအဖြုံး ကြီးမားမှုကို ဖွင့်ချခဲ့သည်။

စာရေးဆရာ မင်းလူ ကွယ်လွန်

စာရေးဆရာ မင်းလူ ကွယ်လွန်

by စနေလင်း
15 August 2013
5.5k

ကဗျာကြောင့် လူ ၁ ထောင်ကျော် အဖမ်းခံ လိုက်ရသော လူဖမ်းပွဲကြီးတွင် မိမိနှင့်အတူ ဆရာ မင်းလူ၊ ကိုစိုးနိုင်တို့က ထောင် ၇ နှစ် ချခံလိုက်ကြ ရကြောင်း၊ စစ်ကြောရေး တွင်လည်း မိမိတို့က သူမရေးကြောင်း...

Next Post
ကျောက်ဖြူ ရဲတပ်ရင်း စီမံကိန်း လွှတ်တော်တွင် ကန့်ကွက်မည်

ကျောက်ဖြူ ရဲတပ်ရင်း စီမံကိန်း လွှတ်တော်တွင် ကန့်ကွက်မည်

မြန်မာမလေးကို ချစ်တယ်

မြန်မာမလေးကို ချစ်တယ်

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate