အလုပ်သမား တဦး မဖြစ်မနေ ကုန်ကျမည့် တလပျမ်းမျှ ဝင်ငွေ (အနည်းဆုံး အခကြေးငွေ) မှာ ၁၈၂၉၁၀ ကျပ် ရရှိမှသာ အဆင်ပြေ မည် ဖြစ်ကြောင်း အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ)က ဦးဆောင်ကောက်ယူသည့် စစ်တမ်းအရ သိရသည်။ ယင်း သုတေသန စစ်တမ်းကို ပြီးခဲ့သည့် နိုဝင်ဘာလမှ စ၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုရှိ မြို့နယ် ၄၆ မြို့နယ်မှ အလုပ်သမား မိသားစုများပေါ် အခြေခံ ကောက်ခံခဲ့ခြင်း ဖြစ်ပြီး သုတေသန စစ်တမ်းကို နမဝအကြိမ် ပြန်လည် စတင်မည့် လွှတ်တော်တွင် တင် သွင်းမည် ဖြစ်ကြောင်း အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဟောင်း ဦးအောင်လင်းသူ၏ ပြောကြားချက်ကို ယနေ့ထုတ် ရန်ကုန် တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။