သတင်းတို

သာစည်တွင် မြေသိမ်းခံ တောင်သူများ ထောင်ချခံရ

This article has been converted from Zawgyi One to Unicode

သာစည်မြို့နယ်တွင် မြေအသိမ်းခံ တောင်သူများနှင့် ၎င်းတို့အား အကူအညီပေးသူများကို ထောင် ၆ လမှ ၃ နှစ်ကျော် အထိ စီရင်ချက် ချလိုက်ကြောင်း သိရသည်။ စက်မှု ၁ နှင့် စိုက်ပျိုးရေး ဝန်ကြီးဌာန တို့က မန္တလေးတိုင်း ဒေသကြီး သာစည် မြို့နယ် အတွင်း လှိုင်းတက် စည်သွတ်စက်ရုံ ကုန်ကြမ်း စိုက်ပျိုးရန် မြေများ သိမ်းယူခဲ့ကြောင်း၊ ယင်း သိမ်းမြေများတွင် ထန်းတော၊ ရေတွင်းကြီးနှင့် အင်တိုင်သား ရွာများမှ မူလပိုင်ရှင် တောင်သူ ၁ ထောင်ကျော်တို့က ၂၀၁၃ ခုနှစ် ဧပြီလက ဝင်ရောက် ထွန်ယက်ခဲ့ကြောင်း၊ ၎င်းတို့ အား ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပိုင်နက်ကျူးလွန်မှု၊ ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ထိခိုက်မှု များဖြင့် သာစည်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ဘီဘီစီ သတင်းတရပ်၌ ဖော်ပြထားသည်။

Loading