သတင်းတို

ယာဉ်အိုယာဉ်ဟောင်း ၆၃၀၀၀ နီးပါး အပ်နှံပြီးစီး

This article has been converted from Zawgyi One to Unicode

ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံပြီး အစားထိုးယာဉ်များ တင်သွင်းရေးစီမံချက်အရ ယာဉ်အို ယာဉ်ဟောင်း စုစုပေါင်း ၆၂၉၈၇ စီးကျော် အပ်နှံပြီးစီးကြောင်း သတင်းရသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၉ အထိ ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) တိုင်းဦးစီးမှူးရုံးသို့ အပ်နှံခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြထားသည်။

Loading