သတင်းတို

မိုင်းကိုင်တွင် ဘိန်းခင်းများ ဖျက်ဆီးမည့် အဖွဲ့ တိုက်ခိုက်ခံရ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်သည့် ရဲတပ်ဖွဲ့ အပါဝင် ပူးပေါင်း အဖွဲ့များ တိုက်ခိုက်ခံခဲ့ရကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ အင်အား ၅၀ ခန့်ရှိ လက်နက်ကိုင်အဖွဲ့ တဖွဲ့က ဆုံလောနှင့် ပါခါးကျေးရွာများကြား လုကန်ရွာအနီးတွင် လက်နက်ကြီး လက်နက် ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ တပ်မတော် စစ်ကြောင်းက ပြန်လည်ခုခံ ပစ်ခတ်ရာ S.S.ARMY စာတန်းပါ ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသည့် အလောင်း တလောင်း၊ လမ်းလျှောက် စကားပြောစက် ၁ လုံး၊ ပေ ငါးဆယ်ခန့်ရှိ နိုင်လွန်ကြိုး ၁ ချောင်း၊ ပေ ငါးဆယ်ခန့်ရှိ ဝိုင်ယာကြိုး ၁ ချောင်း အပါအဝင် ဖောက်ခွဲရေး ပစ္စည်းများ သိမ်းဆည်း ရမိကြောင်း သိရသည်။

Loading