သတင်းတို
၂၀၁၆ ဆူဇူကီး ဖလား အိမ်ရှင် မြန်မာနှင့် ဖိလစ်ပိုင် ရွေးချယ်ခံရ
This article has been converted from Zawgyi One to Unicode
၂၀၁၆ ခုနှစ် အာရှဘောလုံး အဖွဲ့ချုပ်(AFF) (ဆူဇူကီးဖလား) ပြိုင်ပွဲ ဘောလုံးပွဲစဉ်များကို လက်ခံကျင်းပရန် အိမ်ရှင်နိုင်ငံများ အဖြစ် မြန်မာနှင့် ဖိလစ်ပိုင် နိုင်ငံတို့ကို ရွေးချယ်လိုက်ကြောင်း သတင်းရသည်။ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် အာရှဘောလုံး အဖွဲ့ချုပ်ကောင်စီ နှစ်စဉ်အစည်းအဝေးက အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း၊ အာရှဘောလုံး အဖွဲ့ချုပ် ဘောလုံးပြိုင် ပွဲများကို ၂၀၀၂ ခုမှစ၍ ၂ နိုင်ငံပူးတွဲ အိမ်ရှင်စနစ်ဖြင့် ကျင်းပခဲ့ရာ ၂၀၁၄ ပြိုင်ပွဲအတွက် စင်ကာပူနှင့် ဗီယက်နမ် တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။