သတင်းတို

NLD ဗဟိုကော်မတီ အစည်းအဝေး မီဒီယာများ သတင်းယူခွင့်ပြုမည်

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၃ ခုနှစ် ဒီဇင် ဘာ၂၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ သီရိခန်းမတွင် ကျင်းပမည် ဖြစ်ကြေင်း အစည်း အဝေး ကျင်းပရေး ကော်မတီက ကြေညာချက်ထုတ်ပြန်သည်။ ယင်းအစည်းအဝေးသို့ တက်ရောက် သတင်းယူလိုသူများသည် ကြိုတင်စာရင်းပေးသွင်းရန် မလိုဘဲ သက်ဆိုင်ရာ မီဒီယာ ID Card များ ယူဆောင်လာရန် ဖြစ်ကြောင်း၊ အခမ်းအနား စတင်ချိန်တွင် အချိန်ကန့်သတ် ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ အစည်းအဝေး စတင်ချိန်တွင် ထွက်ခွာပေးရမည် ဖြစ်ကြောင်းနှင့် အစည်းအဝေးပြီးဆုံး ချိန် (ခန့်မှန်းအချိန် ညနေ ၃ နာရီ) တွင် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက် သတင်းယူခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

Loading