• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆီးဂိမ်းတွင် ခွဲခြား ဆက်ဆံခံရဟု မိတ်ကပ် ပညာရှင်များပြော

by စနေလင်း
24 December 2013
in သတင်း
A A
ဆီးဂိမ်း, နေပြည်တော်, လုပ်အားပေး, မိတ်ကပ် ပညာရှင်, ဖုန်းကတ်

နေပြည်တော်၌ ကျင်းပသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း ပိတ်ပွဲတွင် ပါဝင်ဖျော်ဖြေနေသော နိုင်ငံ တဝန်းမှ လာရောက် လုပ်အားပေးသူများ(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

6.4k
VIEWS
Share on FacebookShare on Twitter

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းတွင် မြန်မာနိုင်ငံအနှံ့မှ လာရောက် လုပ်အားပေး ခဲ့ကြသူများကို နိုင်ငံတော်က တယ်လီဖုန်း ကတ်များ ချီးမြှင့်ရာ၌ မိတ်ကပ် ပညာရှင်များ အဖွဲ့က ၎င်းတို့မရရှိကြောင်း ပြောသည်။

မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်လုပ်အားပေးကြသော မိတ်ကပ်ပညာရှင်များအဖွဲ့အတွက် ဖုန်းကတ် ခွဲတမ်း မပါဟု တာဝန်ရှိသူက ပြောဆိုကြောင်း၊ သွားရောက် တောင်းဆိုသောအခါမှ မိတ်ကပ်ပညာရှင်များအဖွဲ့အတွက် ဖုန်းကတ် ၅၀ ကို ကံစမ်းမဲစနစ်ဖြင့် ဖြန့်ဝေပေးမည်ဟု ပြောဆိုကြောင်း၊ အားလုံးမရနိုင်သောကြောင့် မယူခဲ့ကြကြောင်း မန္တလေးမှ လာရောက် လုပ်အားပေးသော မိတ်ကပ် ပညာရှင်အဖွဲ့ခေါင်းဆောင် ဦးကျော်သူ က ဧရာဝတီသို့ ပြောသည်။

RelatedPosts

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

17 July 2025
58
မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
193
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
70

“ဒီဇင်ဘာ ၂၃ ရက်နေ့၊ နိုင်ငံတော် သမ္မတရဲ့ တည့်ခင်းဧည့်ခံတဲ့ ညစာစားပွဲပြီးတဲ့အထိ ကျနော်တို့ကို နိုင်ငံတော်က ချီးမြှင့်တဲ့ ဖုန်း ကတ်တွေ ပေးဖို့ ဘာမှ အသံမကြားဘူး။ တခြား လုပ်အားပေးအဖွဲ့တွေ အကုန်လုံးက လူတိုင်းရကြတာကို ကြားတယ်။ အဲဒါကြောင့် သွားတောင်းတော့ ကျနော်တို့ မိတ်ကပ်သမားတွေအတွက် ဝေစုမပါဘူးတဲ့။ ဒါဆို စာရွက်စာတမ်းတွေ ပြပါဆိုတော့ မပြဘူး။ နောက်တော့မှ ကတ် ၅၀ ကို မဲစနစ်နဲ့ပေးမယ်လည်းဆိုရော ကျနော်တို့အားလုံးက လူစေ့မရရင် မယူတော့ဘူးဖြစ်ကြတာ။ တာဝန် ခံတွေနဲ့ ည ၁၂ နာရီလောက်အထိ အခြေအတင်ဖြစ်ကြတယ်”ဟု ၎င်းက ပြောသည်။

လုပ်အားပေး လာကြသော ကျောင်းသား၊ ကျောင်းသူများ၊ အက သင်ကြားပေးသော နည်းပြများ၊ ဆရာ၊ ဆရာမများ၊ လုပ်အားပေး များကို ထမင်းချက်ကျွေးသော အဖွဲ့များ၊ သယ်ယူပို့ဆောင်ရေး လုပ်အားပေးသော ယာဉ်မောင်းများ အားလုံး ဖုန်းကတ် ရရှိသည် ဟု သိရကြောင်း၊ မိမိတို့ မိတ်ကပ်ပညာရှင်များအဖွဲ့ကိုသာ ခွဲခြားဆက်ဆံခံရပြီး ဖုန်းကတ်မရရှိကြောင်း ၎င်းက ဆိုသည်။

မိမိတို့အနေဖြင့် နိုင်ငံတော်မှ ချီးမြှင့်သော ဖုန်းကတ်ဖြစ်သည့်အတွက် တန်ဖိုးထားသည့်အနေဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယခု ကဲ့သို့ ခွဲခြားဆက်ဆံခံရသည့်အတွက် အလွန်စိတ်မကောင်း ဖြစ်ရကြောင်း ဧရာဝတီတိုင်း အိမ်မဲမြို့နယ်မှ လာရောက်လုပ်အား ပေး သော မိတ်ကပ် ပညာရှင်တဦးကလည်း ပြောဆိုသည်။

“ကျမတို့က အတင်းလိုချင်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အားလုံးကိုယ်စီ ရနေကြတာမှ ကျမတို့ မရတော့ ခံစားရတယ်။ အိမ်ပြန် ရင် ဒါက ငါတို့လုပ်အားပေးလို့ နိုင်ငံတော်က ချီးမြှင့်ပေးတဲ့ဆုလို့ ပြစရာတောင်မပါတော့ ရှက်တယ်။ အမှန်တကယ် ကျမတို့ကို မပေးတာလား၊ ကျမတို့ဝေစုကို အလုခံရတာလားဆိုတာ တိတိကျကျ သိချင်တယ်။ ကျမတို့က စက်တင်ဘာလ ကတည်းက တပတ် ကို ၃ ရက်လောက် လာလုပ်အားပေးခဲ့ကြတာ”ဟု ၎င်းက ဆိုသည်။

ဆီးဂိမ်အတွက် လာရောက်လုပ်အားပေးသော မိတ်ကပ်ပညာရှင်များ အဖွဲ့တွင် လူဦးရေ ၅၀၀ ကျော်ပါဝင်ကြောင်း၊ နိုင်ငံပိုင် သတင်းစာမှ လုပ်အားပေးခေါ်ယူသော စာရင်းအရ ၂၅၀ ဝန်းကျင်သာရှိခဲ့သော်လည်း နောက်ပိုင်း တိုးလာမှုရှိကြောင်း၊ ဆီးဂိမ်း အတွက် လာရောက် လုပ်အားပေးကြသော မိတ်ကပ်ပညာရှင်များမှာ ဧရာဝတီတိုင်း ဒေသကြီး၊ အိမ်မဲ၊ ပုသိမ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ကြီး၊ မန္တလေး၊ မြဝတီ၊ ပြည် စသော နယ်စုံမှ လာရောက် လုပ်အားပေးကြကြောင်း သိရသည်။

နေရေး၊ စားရေး၊ သွားလာရေးများအတွက် အားလုံး အဆင်ပြေချောမွေ့ခဲ့ပြီး လုပ်အားပေး မိတ်ကပ် ပညာရှင်များ အတွက် နိုင်ငံ တော်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ငွေကျပ်၂ သောင်း ရရှိခဲ့ကြောင်း၊ သို့သော် ယနေ့အချိန်တွင် ဖုန်းကတ် တကတ် လျှင် ပြင်ပ ပေါက်ဈေးမှာ ကျပ် ၁ သိန်းကျော် အနေအထားမျိုး ရှိနေ၍ မိတ်ကပ် ပညာရှင်များအတွက် တိတိကျကျ မပြောခြင်းကြောင့် မသမာမှုများ ဖြစ်နေမည်လားဟု တွေးထင်မိကြောင်း ပုသိမ်မြို့မှ လုပ်အားပေး မိတ်ကပ် ပညာရှင် တဦးက ပြောသည်။

“ဒီဇင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းကြားရတာတော့ ကျမတို့ မိတ်ကပ်ပညာရှင်တွေကို ဖုန်းကတ်ပေးဖို့ တာဝန်ရှိတဲ့သူနဲ့ နီးစပ်တဲ့သူ တွေကတော့ ကျမတို့ကိုပေးမယ်ဆိုတဲ့ ဖုန်းကတ် ၅၀ ခွဲတမ်းကို သွားထုတ်ကြတယ် ကြားတယ်။ ကျမတို့ကတော လုံး၀ မထုတ် ဘူး။ တကယ် အင်တိုက်အားတိုက် လုပ်အားပေးခဲ့တဲ့သူတွေ ဘယ်သူမှ မရကြဘူး။ မနေ့က ကျမတို့က ဖုန်းကတ်ကိစ္စ သွားပြော တဲ့ အခါမှာ ဘယ်သူတွေက အားလုံးရတယ်ပြောတာလဲ၊ မဟုတ်တာတွေ မပြောနဲ့၊ တရားစွဲလို့ရတယ်လို့ အထိ ခြိမ်းခြောက် ပြော တော့ တော်တော်များများကလည်း ကြောက်ပြီး မရရင်လည်း နေပါစေတော့လို့ ဖြစ်သွားတာ”ဟုလည်း ၎င်းက ပြောဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသူများကို ချီးမြှင့်သောအားဖြင့် နိုင်ငံတော်က တယ်လီဖုန်း လိုင်းကတ် ၃ သောင်းချီးမြှင့်ကြောင်း၊ မည် သည့်ဌာနကို မည်မျှခွဲဝေပေးသည်ကိုမူ တိတိကျကျ မသိရကြောင်း မြန်မာနိုင်ငံ အားကစားပြိုင်ပွဲများအဖွဲ့မှ ဒါရိုက်တာ ဗိုလ်ကြီး
ကျော်ဇင်မိုးက ဧရာဝတီသို့ ပြောသည်။

မိတ်ကပ် ပညာရှင်များကို စီမံခန့်ခွဲပေးသော ယဉ်ကျေးမှုနှင့် အနုပညာရှင်များ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးခိုင်ထွန်းသို့ ဧရာဝတီမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် အဆိုပါဖုန်းကပ်ကိစ္စနှင့် ပတ်သက်ပြီး အထောက်အထား စာရွက်စာတမ်း များ ပြည့်စုံစွာ ရှိကြောင်း၊ မိမိအနေဖြင့် အလုပ်မအားလပ်သည့်အတွက် တယ်လီဖုန်းဖြင့် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိကြောင်း၊ တိတိကျကျ သိလိုပါလျှင် နေပြည်တော်သို့ လူကိုယ်တိုင် လာရောက်မေးမြန်းလျှင် သေသေချာချာ ရှင်းပြပေးမည် ဖြစ်ကြောင်း ၎င်း က ပြန်လည် ဖြေကြားသည်။

Your Thoughts …
Tags: SEA GameSport
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
5k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

ဂုဏ်ပြုအပ်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ

ဂုဏ်ပြုအပ်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
4 July 2014
5.9k

မြန်မာ့ ဂုဏ်ဆောင် အားကစား မောင်မယ် များကို ဂုဏ်ပြုသည့် နည်းတူ မြန်မာ အားကစား လောကကို စတင် ထူထောင် ဦးဆောင် ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီး များကိုလည်း ဂုဏ်ပြု မှတ်တမ်း တင်သင့် ပါသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

Next Post
သဘာဝ ဓာတ်ငွေ့, ထိုင်းနိုင်ငံ, စီးပွားရေး, လျှပ်စစ်မီး

ထိုင်းသို့ သဘာဝ ဓာတ်ငွေ့ပေးပို့မှု ခေတ္တရပ်ထားမည်

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်း ၂ ခု တိုးချဲ့မည်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate