သတင်းတို

ကိုရီးယားက စီမံကိန်း ၅ ခုတွင် ဒေါ်လာ သိန်း ၁၈၀ မြှုပ်နှံမည်

This article has been converted from Zawgyi One to Unicode

၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာ သိန်း ၁၈၀ တန်ဖိုးရှိ စီမံကိန်း ၅ ခု တိုးချဲ့ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၁ ရက်နေ့က ရန်ကုန် အမျိုးသား ကဇာတ်ရုံတွင် ပြုလုပ်သည့် Happiness for Myanmar အခမ်းအနားတွင် ကိုရီးယားသံတမန် Lee Baek Soon က ပြောဆိုခြင်း ဖြစ်ပြီး စိုက်ပျိုးရေး စင်တာများ၊ သီးနှံသိုလှောင် ရုံများနှင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Loading