သတင်းတို

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်း ၂ ခု တိုးချဲ့မည်

This article has been converted from Zawgyi One to Unicode

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်း ၂ ခုကို ချင်းပြည်နယ် ထန်တလန်တွင် တိုးချဲ့ဆောက်လုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ ယခင်က နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ တမူးနှင့် ရိဒ် ၂ ခုသာ ရှိပြီး ယခု ထန်တလန် နယ်စပ်ကုန်သွယ်ရေး စခန်းကို ထပ်မံ တိုးချဲ့သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကုန်သွယ်ရေး စခန်းကို ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတဦး၏ ပြောကြားချက်ကို ယနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာ၌ ဖော်ပြထားသည်။

Loading