• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Religion

မှော်ဘီက ဂျပန်ဘုရားတွင် လာရောက် ဖူးမြော်သူများဖြင့် စည်ကားနေ

by မေစစ်ပိုင်
25 December 2013
in Religion
A A
ဂျပန်ဘုရား, ဆင်းတုများ, မှော်ဘီမြို့နယ်, ဂျပန်လူမျိုး

ဂျပန်ဘုရားဆင်းတု များကို ဖူးမြော်နေကြသူများ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

6.6k
VIEWS
Share on FacebookShare on Twitter

မှော်ဘီ မြို့နယ်၊ အင်းလျက် အုပ်စု၊ ရေပြာရွာ မှာရှိတဲ့ အောင်ဇဗ္ဗူ တောရဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုး တဦးက လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြတယ်လို့ သိရပါတယ်။

ရွှေပြည်သာနဲ့ မှော်ဘီမြို့နယ်ကို ဖြတ်သန်း ဆက်သွယ်ထားတဲ့ အမှတ် ၄  လမ်းမကြီး ဘေးတဖက် တချက်မှာရှိတဲ့ ဖန်ဂါးကုန်း ကျေးရွာဆိုတဲ့ ဆိုင်းဘုတ်ရှိရာ မြေနီ လမ်းသွယ်ထဲနေ မိနစ် ၂၀ ခန့် ကားသို့မဟုတ် ဆိုင်ကယ်နဲ့ သွားလိုက်ရင် ရေပြာ ရွာမှာရှိတဲ့ ဂျပန်လူမျိုး တဦး လှူဒါန်းထားတဲ့ ရှေးဟောင်း ရုပ်ပွားတော်တွေနဲ့ ဆင်းတုတော်တွေ ထားရှိရာ အောင်ဇဗ္ဗူ တောရဓမ္မရိပ်သာ ကျောင်းတိုက်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
197
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
261
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
421

ဂျပန် လူမျိုးက လှူဒါန်းခဲ့တဲ့ ဘုရား ဆင်းတုတွေ ဖြစ်တာကြောင့် ဘုရားလာဖူးကြသူ များက ဂျပန် ဘုရားလို့ အလွယ်ခေါ်ကြ ပါတယ်။ ဘုရား ဆင်းတုတွေ ထားရှိရာ ကျောင်းတိုက် နေရာကို မရောက်ခင် တလမ်းမောင်း ဖုန်ထူထူ လမ်းကြမ်းကြမ်းမှာ အသွားအပြန် မောင်းနင်နေတဲ့ ဘုရားဖူး ကားတွေ၊ ဆိုင်ကယ်တွေ၊ ဘုရားဖူး ပြည်သူတွေနဲ့ ပျံကျဈေးသည် တွေကြောင့် ဘုရားများ ထားရှိရာ ကျောင်းတိုက် တခုတည်းမှာပဲ စည်စည်ကားကား ဖြစ်နေတာကို တွေ့ရပါတယ်။

ကျောင်းတိုက်ဝန်း အတွင်းမှာလည်း ဆင်းတုတော်များ ထားရှိရာ ဘုန်းကြီး ကျောင်းတိုက် အထဲကိုဝင်ပြီး ဘုရားဖူးခွင့် ရဖို့အရေး စီတန်း တိုးဝှေ့နေကြတဲ့ အသက်အရွယ်မျိုးစုံ ဘုရားဖူး လာကြသူတွေက လူဦးရေ ၅၀၀၊ ၆၀၀ ကျော် ရှိနေသလို ဝင်ထွက်သွားလာနေတဲ့ ဘုရားဖူးသူတွေလည်း ရေတွက်လို့ မရအောင်ပါပဲ။

ဘုရားဆင်းတုတွေ ထားရှိရာ အောင်ဇဗ္ဗူ ကျောင်းတိုက် ၂ ထပ် ကျောင်းဆောင် အထဲကို ဘုရားဖူးသူ တဦးချင်း တန်းစီ စနစ်နဲ့ စီတန်း ဝင်ရောက်ပြီး ဘုရားများကို ဖူးမြော်ရတာကြောင့် မြန်မြန်ဖူးပြီး မြန်မြန် ပြန်ထွက်ရတဲ့ အနေအထားကို တွေ့ရပါတယ်။

အောင်ဇဗ္ဗူ ဆရာတော် ဦးပဏ္ဍဝံသရဲ့ အဆိုအရ ရှေးဟောင်း ဆင်းတုတော်တွေကို လှူဒါန်းခဲ့တဲ့ ဂျပန်လူမျိုး မစ္စတာ ကူမန်နို ဆိုတဲ့ ပုဂ္ဂိုလ်က ယခင်တုန်းက ခရစ်ယာန် ဘာသာဝင် တဦးလို့ သိရပါတယ်၊ ဂျပန် နိုင်ငံကနေ မြန်မာပြည်မှာ ရှိတဲ့ ပုဂံဒေသကို အလည်အပတ် ခရီးအဖြစ် သွားရောက်ခဲ့ပြီး နောက်ပိုင်းမှာ သူ့စိတ်မှာ ဖြစ်ပေါ်လာတဲ့ ဆန္ဒအရ ဗုဒ္ဓဘာသာဝင် တဦးအဖြစ် ခံယူလိုက်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာ အမျိုးသမီး တဦးနဲ့ အိမ်ထောင်ပြုထားပြီး သားသမီး ၂ ဦးနဲ့ အတူ ပန်းလှိုင် ဂေါက်ကွင်း အိမ်ရာမှာ နေထိုင် နေပါတယ်။ မစ္စတာ ကူမန်နိုဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီး နောက်ပိုင်း ဘုရား ဆင်းတုတော်၊ စေတီတော်တွေကို မကြာခဏ အိပ်မက်မက်လေ့ ရှိခဲ့တဲ့ အကြောင်း၊ ဒါကြောင့် ပုဂံဒေသမှာရှိတဲ့ ဘုရားဆင်းတု တချို့ကို ပြန်လည် ပြုပြင်ဖို့ နိုင်ငံတော်ကို ခွင့်ပြုချက် တောင်းခံရာမှာ ခွင့်ပြုချက်ရလို့  ပြုပြင်ခဲ့ကြောင်း၊ နောက်ပိုင်းမှာလည်း အိပ်မက်တွေ အဆက်မပြတ် မက်နေသေး တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ ရှေးဟောင်း ဆင်းတုတော်၊ ရုပ်ပွားတော်တွေကို ဝယ်ယူပြီး ပူဇော် ထားခဲ့တာ ဖြစ်ကြောင်း အောင်ဇဗ္ဗူ ဆရာတော် ဦးပဏ္ဍဝံသက ဧရာဝတီ သတင်းဌာနကို မိန့်ပါတယ်။

“အဲဒီ ပုဂ္ဂိုလ်က ခေတ် ၇ ခေတ် တုန်းက ရှေးဟောင်း ရုပ်ပွားတော်တွေကို စုဆောင်း နိုင်ခဲ့တာ အံ့သြစရာ အရမ်း ကောင်းတယ်၊ တကယ့် ရှားရှားပါးပါး ရှေးဟောင်း ဘုရားတွေကို စုဆောင်းပြီး သူ့အိမ်မှာ ပူဇော်ခဲ့တာ။ နောက်ပိုင်း ဆရာတော်နဲ့ တွေ့ပြီး လှူချင်စိတ် ဖြစ်လာတာနဲ့ လှူလိုက်တယ်၊ မြန်မာနိုင်ငံက ရှေးဟောင်း ဘုရားတွေကို ပြည်ပကို မရောက်စေချင်ဘူးလို့ သူက ပြောတယ်” လို့ ဆရာတော်က ဆိုပါတယ်။

မစ္စတာ ကူမန်နိုဟာ မြန်မာ အမျိုးသမီးနဲ့ သူ အိမ်ထောင်မကျခင် ကတည်းက ရှေးဟောင်း ဆင်းတုတော်တွေကို
ဝယ်ယူ စုဆောင်းခဲ့တာ လို့လည်း သိရပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ မစ္စတာ ကူမန်နိုက
သူ စုဆောင်းပူဇော်ခဲ့တဲ့ ဘုရားဆင်းတုတွေကို လှူချင်တဲ့ အကြောင်း အောင်ဇဗ္ဗူ ဆရာတော်ကို လာရောက် လျှောက်ထားပြီး ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ တကောင်းခေတ်နဲ့ ကုန်းဘောင် ခေတ် အဆက်ဆက်က ရှေးဟောင်းဘုရား ဆင်းတုတော် ၃၀၁ ဆူကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက်မှာ ဘုရား ဆင်းတုတော်တွေကို အနေကဇာ တင်ခဲ့ပြီး ၂ လလောက် အကြာမှာ တဆင့်စကား တဆင့် ကြားကြတာနဲ့ ဘုရားဖူး ပြည်သူတွေ များပြား လာတာ ဖြစ်ပါတယ်။

ကြာသာပတေး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေ ၄ ရက်ကို ဘုရားဖူးရက် အဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ ရက်တွေကို ဘုရားဖူးခွင့် ပိတ်ထားတာကြောင့် ဘုရားဖူးရက်တွေမှာ ဘုရားဖူး ဦးရေ ၇ သိန်းကျော် ၈ သိန်း နီးပါးအထိ လာရောက် ကြတယ်လို့ အောင်ဇဗ္ဗူ ဆရာတော်က မိန့်ပါတယ်။

ကျောင်းတိုက် အတွင်းမှာတော့ အောင်ဇဗ္ဗူ ဆရာတော်ရဲ့ မေတ္တာ လက်ပတ်ကြိုးတွေကို ချည်ပေး နေကြတဲ့ စေတနာ့ ဝန်ထမ်းတွေလည်း ရှိပါတယ်။ ကျောင်းဝန်း အတွင်းအပြင်မှာ ရှိနေတဲ့ စေတနာ့ ဝန်ထမ်းတိုင်း လိုလိုက အထက်အောက် ယောဂီဝတ်စုံကို ဝတ်ဆင် ထားကြပြီး လည်ပင်းမှာတော့ အောင်ဇဗ္ဗူ ဆရာတော်ပုံပါ ကတ်ပြားကို ဆွဲထား ကြပါတယ်။

ဘုရားဖူး လာရောက်ကြတဲ့ သူတွေကို မြန်မာဆန်ဆန်နဲ့ လုံလုံခြုံခြုံ ဝတ်စားဆင်ယင်ဖို့ မေတ္တာရပ်ခံတဲ့ ဆိုင်းဘုတ်ငယ်တွေ ချိတ်ဆွဲ ထားတာလည်း တွေ့ရပါတယ်။ ဘုရားဖူးလာကြတဲ့ သူတွေကို ကျောင်းဝင်း အနောက်ဘက်နားမှာ စတုဒီသာ ထမင်း၊ ဟင်း စသည်ဖြင့် ကျွေးမွေးနေတဲ့ နေရာလည်း ရှိပါတယ်။

ကျောင်းတိုက် အပြင်ဘက် လမ်းမ တဖက်တချက် စီမှာတော့ ပျံကျ ဈေးသည်တွေ၊ ဈေးဆိုင်ခန်းတွေ၊ ဆိုင်ကယ် ကယ်ရီနဲ့ ကားရပ်နား ကွင်းတွေက အလုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ ကားရပ်နားကွင်း အတွင်းမှာ ရပ်နားမယ် ဆိုရင်တော့ ကားတစီးကို ၅၀၀ ကျပ် ပိုက်ဆံပေးပြီးမှ ရပ်ထားရပါတယ်။

ဆိုင်ကယ် ကယ်ရီနဲ့ အမှတ် ၄ လမ်းမကြီး အထိ အရောက် သွားမယ်ဆိုရင်တော့ တဦးကို ၁၅၀၀ ကျပ်နဲ့ ပို့ပေးတယ်လို့ သိရပါတယ်။

ဆင်းတုတော်တွေ ရောက်ရှိလာခဲ့ချိန်က စတင်ပြီး ဘုရားဖူးတွေ ရောက်လာသည့် တိုင်အောင် ရိုက်ကူးထားတဲ့ ဗီစီဒီ အခွေကိုလည်း တခွေကို ၁၀၀၀ ကျပ်နဲ့ ရောင်းချ နေတာလည်း ရှိပါတယ်။ ဟင်းသီးဟင်းရွက် ရောင်းသူတွေ၊ မုန့်ပဲ သွားရေစာ ရောင်းသူတွေ၊ အကျႌ၊ လက်ကောက်၊ အရုပ်စတဲ့ ပစ္စည်းတွေကိုလည်း ရောင်းချနေကြတာကို တွေ့ရပါတယ်။

ရောင်းသူတွေကလည်း အယောက် ၅၀၊ ၆၀ နီးပါးရှိသလို ဝယ်ယူ နေကြတဲ့ ဘုရားဖူး ပုဂ္ဂိုလ်တွေလည်း ကြိတ်ကြိတ်တိုး နေတာကို တွေ့ရတာ ရပ်ကွက် ဈေးအရောင်း ပွဲတော်ရဲ့ ဈေးတန်းတခုကို ရောက်သွားသလို ဖြစ်နေပါတယ်။

“တနေ့ကို ပိဿာချိန် ၃၀ ကျော် ကုန်တယ်၊ အမြတ်က တနေ့ကို ကျပ် သုံးသောင်းခွဲနဲ့ လေးသောင်းကျပ် ကြားမှာရှိတယ်” လို့ ပဲခူးမြို့ကနေ ဈေးလာရောင်းတဲ့ ပုစွန်ချဉ်၊ ငါးချဉ် ဈေးသည် ဒေါ်ခင်သန်းဆင့်က ပြောပါတယ်။ လမ်းစရိတ်၊ နေစားစရိတ်ကို ဖယ်ပြီး ဘုရားဖူးပိတ်ရက်မှာ အိမ်ပြန် သွားရင်တောင် တပတ်ကို ဝင်ငွေ ၁ သိန်းကျော် အထိ ရှိတယ်လို့ သူက ဆိုပါတယ်။

ဘဲကင်၊ ရေကြက်ကင်တွေ ရောင်းချတဲ့သူတွေ၊ ကျွဲကောသီး ရောင်းတဲ့သူတွေနဲ့ “We Are Buddhist” ဆိုတဲ့ စာတန်းပါ အကျႌတွေကို ရောင်းနေသူတွေလည်း အတော်လေး အလုပ်ဖြစ်နေကြတာကို တွေ့ရပါတယ်။ ဒီဇင်ဘာ ၂၆ ရက်မှာတော့ ကျောင်းတိုက် အတွင်းမှာ သီတင်းသုံးနေကြတဲ့ ရှေးဟောင်း ရုပ်ပွားတော် အဆူ ၃၀၁ ဆူလုံးကို သီးသန့် သီတင်းသုံးဖို့ ကျောင်းတော် ဆောက်လုပ်မှာမို့ သံဃာတော် အပါး ၁၀၀၀ ပင့်ဖိတ်ပြီး မြေသန့် မင်္ဂလာ ကျင်းပမယ်လို့လည်း သိရပါတယ်။

Your Thoughts …
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
တရားဥပဒေ စိုးမိုးရေး, မန္တလေး, ဓားပြမှု, မောင်ကိန်းရွှေဆိုင်

မန္တလေး ရွှေဆိုင် ဓားပြတိုက်မှု အရပ်က ဝိုင်းဖမ်း

တိုင်းရင်းသား, ပဋိပက္ခ, ပါမစ်, ငြိမ်းချမ်းရေး, လက်နက်ကိုင်အဖွဲ့, အပစ်အခတ်ရပ်စဲရေး

“ငြိမ်းချမ်းရေး” ကားပါမစ်များ အပြင်းအထန် ဝေဖန်ခံနေရ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
4k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

23 hours ago
3.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate