မြန်မာစစ်ဘက်နှင့် အစိုးရဘက် အရာရှိ ၃၀ လောက်ကို မဟာဗျူဟာ ဆိုင်ရာ သင်တန်းပေးရန် အတွက် ဗြိတိန်ကာကွယ်ရေး တက္ကသိုလ်က အရပ်ဘက်နှင့် စစ်ဘက် အဖွဲ့တဖွဲ့ကို လာမည့် ဇန်နဝါရီလထဲတွင် စေလွှတ်မည် ဖြစ်ကြောင်း ဗွီအိုအေ သတင်းတရပ်၌ ဖော်ပြထားသည်။ သီတင်း ၂ ပတ်ကြာမည့် ယင်းသင်တန်းကို Cranfield တက္ကသိုလ်နှင့် ပူးတွဲဆောင်ရွက်ခြင်း ဖြစ်ပြီး စစ်မြေပြင်ဆိုင်ရာ သင်တန်းမျိုး မဟုတ်ကြောင်း၊ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေနှင့် တာဝန်ခံမှု အပိုင်းများ ပါဝင် မည် ဖြစ်ကြောင်း သိရသည်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (HRW) က မြန်မာစစ်တပ်သည် နာမည်ဆိုး ရှိနေ သည့် အဖွဲ့အစည်း ဖြစ်သည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။