ယခုနှစ် ကုန်သွယ်မှုတန်ဖိုးမှာ ယခင်နှစ် ကာလတူထက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၃၄၄ ဒသမ ၃၃ တန်ဖိုး တိုးတက်လာ ကြောင်း သိရသည်။ ယမန်နေ့က ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် က ယမန်နှစ်ကထက် ပို့ကုန်ပိုင်းတွင် ဒေါ်လာသန်းပေါင်း ၁၆၅၆ ဒသမ ၈၅၄၊ သွင်းကုန်ပိုင်း၌ ဒေါ်လာ သန်းပေါင်း ၂၆၈၇ ဒသမ ၄၇၆ တိုးတက်လာကြောင့် ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ သန်းပေါင်း ၄၃၄၄ ဒသမ ၃၃ တိုးတက် လာသည်ဟု ပြောကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်အထိ တနှစ်အတွင်း စားသုံးရန် မသင့်သော စားသောက်ကုန်များ၊ အရည်အသွေးနိမ့် ကုန်ပစ္စည်းများကိုလည်း တားဆီးနိုင်ခဲ့သည်ဟု ပြောဆိုကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။