• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ် ပြည်ပ၌ ဆေးကုရန် စီစဉ်

by သန်းထိုက်ဦး
26 December 2013
in Ethnic Issues
A A
ဗိုလ်နှုတ်ခမ်းမွေး, DKBA, စစ်ဦးစီးချုပ်, ပြည်ပ ဆေးကု, နိုင်ငံကူး လက်မှတ်

ထိုင်းက မူးယစ်ဆေးဝါး စွပ်စွဲချက်ဖြင့် ဆုငွေထုတ်မှုနှင့် ပတ်သက်၍ ယမန်နှစ် မေလ ၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေသော ဗိုလ်နှုတ်ခမ်းမွေး (ဓာတ်ပုံ – ဧရာဝတီ)

4.7k
VIEWS
Share on FacebookShare on Twitter

ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ် (ခေါ်) နှုတ်ခမ်းမွေးသည် လည်ချောင်းနှင့် ဆိုင်သော ရောဂါဝေဒနာ တရပ် ခံစားနေရပြီး ပြည်ပနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူနိုင်ရန် မြန်မာ အစိုးရက ထုတ်ပေးမည့် နိုင်ငံကူး လက်မှတ်ကို စောင့်ဆိုင်နေသည်ဟု DKBA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး မောင်လေး က ဧရာဝတီသို့ ပြောသည်။

RelatedPosts

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
27
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
107
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
1k

နိုင်ငံကူး လက်မှတ်ရရှိမှသာလျှင် သွားရောက် လွယ်ကူနိုင်မည့် နိုင်ငံကို ရွေးချယ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့သော်  အတည်မပြုနိုင်သော သတင်းမျာအရ စင်္ကာပူနိုင်ငံသို့ သွားရောက်မည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီး စောလားပွယ်သည် လတ်တလော ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ဆေးကုသမှုခံယူနေခြင်း ဖြစ်သည်။ ၎င်းနှင့် အတူ လိုက်ပါသွားသူများကို မသိရသော်လည်း နိုင်ငံကူးလက်မှတ် ၇ ဦးခန့် ပြုလုပ်ပေးထားကြောင်း သိရသည်။

ယမန်နေ့က စောလားပွယ်ကို သွားရောက်တွေ့ဆုံခဲ့သည့် မြန်မာ ငြိမ်းချမ်းရေး စင်တာ(MPC)မှ ဦးလှမောင်ရွှေက နိုင်ငံကူးလက်မှတ် ရရှိရေးနှင့် တခြားလိုအပ်သည့် အကူအညီ တချို့တို့ကို သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက စီစဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်း ပြောသည်။

“အခု နိုင်ငံခြားမှာ သွားပြဖို့ ပြင်နေတယ်၊ နိုင်ငံကူးလက်မှတ်တော့ မရသေးဘူး ဝန်ကြီး ဦးအောင်မင်းဘက်ကတော့ ဝိုင်းဝန်းပြီး တော့ ကူညီဆောင်ရွက်ပေးနေတယ်”ဟု ၎င်းက ဆိုသည်။

DKBA ၏ ဌာနချုပ်သည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တဖက်ကမ်း မြဝတီမြို့ ဝေါ်လေမြို့နယ်ခွဲ ဆုံဆည်းမြိုင် ရွာတွင်တည် ရှိသည်။

ဗိုလ်ချုပ် စောလားပွယ်သည် ထိုင်း မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB) က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးရန် ဆုငွေ ထိုင်းဘတ် ၁ သန်း (ဒေါ်လာ ၃၂၀၀၀ ခန့်) ထုတ်ပြန်ခံထားရသူလည်း ဖြစ်သည်။

DKBA တပ်ဖွဲ့ဝင်များ အခြေစိုက်သည့် ဝေါ်လေတပ်စခန်း တည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့် ပတ်သက်၍ ONCB အဖွဲ့က ဗိုလ်ချုပ် စောလားပွယ်တွင် တာဝန်ရှိသည်ဟု စွပ်စွဲ၍ ဆုငွေ ထုတ်ထားခြင်း ဖြစ်သည်။

ယခင် စစ်အစိုးရ လက်ထက်တွင် ကမ်းလှမ်းခဲ့သော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို DKBA တပ်ဖွဲ့ဝင်အများစုက ပြီး ခဲ့သည့်နှစ် ဇူလိုင်လကုန်ပိုင်းက လက်ခံခဲ့ကြသော်လည်း ဗိုလ်ချုပ် စောလားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွေးက ယင်းအစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ထို့အပြင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှ စတင်၍ ကရင်ပြည်နယ် အတွင်းရှိ အစိုးရတပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သူအဖြစ် နာမည်ကြီးသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာတော့ ကရင်ပြည်နယ် အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

Your Thoughts …
Tags: DKBA
သန်းထိုက်ဦး

သန်းထိုက်ဦး

ဧရာဝတီ

Similar Picks:

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.1k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.6k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.1k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

by အေးချမ်းဆု
11 April 2024
11.2k

ကရင်စစ်မျက်နှာရှိ ဖာပွန်၊ မြဝတီ စစ်နယ်နှစ်ခုအနက် တခုကိုသာ ထိုးစစ်ဝင်နိုင်သည်။

ကျောက်ခက်၌ ပိတ်လှောင်ခံထားရသူ ရာချီ ကျန်နေ

ကျောက်ခက်၌ ပိတ်လှောင်ခံထားရသူ ရာချီ ကျန်နေ

by ဧရာဝတီ
13 February 2025
11.2k

ပြန်လွတ်လာသူများသည် အလုပ်ဆိုက်များမှ ထွက်ပြေးသည်ကို DKBA မှ ပြန်ဖမ်းမိသူများ၊ ငွေကြးဖြင့် ပြန်ရွေးရသူများနှင့် ကျားဖြန့် ငွေလိမ်အလုပ်ကို ကောင်းစွာမလုပ်နိုင်သူများကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းများအား အဆင်ပြေပြေ လုပ်နိုင်သူများကို ချန်လှပ်ထားကြောင်း သိရသည်။

မြဝတီတိုက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း

မြဝတီတိုက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း

by ဧရာဝတီ
20 April 2024
8.3k

စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေးကို ယခင်က အာရုံစိုက်ခဲ့သည့် ထိုင်းကဲ့သို့သော အိမ်နီးချင်းများသည် ယခု ပဋိပက္ခအပေါ် ၎င်းတို့၏ရပ်တည်ချက်ကို ပြန်လည် စဉ်းစားသုံးသပ်လာကြသည်။

Next Post
နွယ်နီဦး, လက်ဝှေ့အားကစား, ဆီးဂိမ်း, ရွှေတံဆိပ်ဆုရှင်

တိုက်ရခိုက်ရ တာကိုမှ ဝါသနာပါသူ

ကယန်းအလှ, ဒါရိုက်တာအောင်ကိုလတ်, ပဒေါင်, အကယ်ဒမီ

အကယ်ဒမီကို သူတို့ ဘာတွေပြောကြမလဲ (၃)

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.1k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate