သမ္မတ ဦးသိန်းစိန် စတင်တာဝန်ယူချိန် ၂၀၁၁ စက်တင်ဘာတွင်ရပ်ဆိုင်းလိုက်သည့် မြစ်ဆုံစီမံကိန်းကို ပြန်လည်လုပ်ကိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် တရုတ်လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI) က လူမှုရေး တာဝန်ယူမှုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ကြောင်း သိရသည်။ ဧရာဝတီ မြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းသည် လုံး၀ လုံခြုံစိတ်ချမှု ရှိကြောင်း၊ နိုင်ငံတကာ စံချိန်မီပြီး အကျိုးရလာဒ် များစွာရှိမည် ဖြစ်ကြောင်း၊ CPI ကုမ္ပဏီသည် နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လုပ်ဆောင်သည့် နာမည် ရ ကုမ္ပဏီ ၅၀၀ အမည်စာရင်းတွင် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ကြီးမားနေသဖြင့် မြစ်ဆုံ စီမံကိန်း ကို ဆက်လက် ဆောင်ရွက်သင့်ကြောင်း ယင်းကုမ္ပဏီ မန်နေဂျာချုပ် လီကွမ်ဟာ၏ ပြောကြားချက်ကို ဘီဘီစီ သတင်းတရပ်၌ ဖော် ပြ ထားသည်။ ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းကို ၎င်း၏ အစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။