ကရင်ပြည်နယ် ဘားအံတွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ကြား ဆွေးနွေးမည့် ဘားအံညီလာခံကို ပြည်ထောင်စုနေ့ မတိုင်မီ ပြုလုပ်နိုင်မည်ဟု ဝန်ကြီး ဦးအောင်မင်း၏ ပြောကြား ချက်ကို ယနေ့ထုတ် 7 Day သတင်းစာ၌ ဖော်ပြထားသည်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ကချင်ပြည်နယ် လိုင်ဇာနှင့် မြစ်ကြီးနားတွင် လည်းကောင်း၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့တွင် လည်းကောင်း အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ကရင်ပြည်နယ် ဘားအံတွင် ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။