• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား အားလုံး မလွတ်မြောက်နိုင်သေး

by သူဇာ
27 December 2013
in Politics
A A
ပုဒ်မ ၁၈, နိုင်ငံရေး အကျဉ်းသား, ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်,ဦးကိုကိုကြီး,AAPP, ဦးတိတ်နိုင်

ယခုနှစ် မေလအတွင်းက အကျဉ်းသားများကို လွှတ်ပေးခဲ့စဉ် အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

2.9k
VIEWS
Share on FacebookShare on Twitter

အစိုးရ အနေနဲ့ ပုဒ်မ ၁၈ လို ဥပဒေ တချိူ့ကို ပြင်ဆင်တာ၊ ဖျက်သိမ်း တာတွေ မလုပ်ရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို အခုနှစ် အကုန်မှာ လွှတ်ပေးမယ် ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ကတိစကား အကောင် အထည်ဖော်ဖို့ ခက်ခဲနိုင်တယ်လို့ သိရပါတယ်။

လက်ရှိ အခြေအနေ အရလည်း နိုင်ငံရေး အကျဉ်းသား အကုန်လုံး ဒီနှစ်ကုန်မှာ ပြန်လွတ်လာဖို့ မဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဧရာဝတီကို ပြောပါတယ်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
111
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
122
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
37

“တရားရေးက အမှု တန်းလန်းတွေ၊ အဲဒီ အမှုတွေ မပြတ်ဘဲနဲ့ ဒီနေ့ ရှိသမျှ လွှတ်ပြီးကာမှ ပုဒ်မ ၁၈ နဲ့ ထောင်ကျပြီး ထပ်ရောက် လာမယ်ဆိုရင် ကုန်တယ်လို့ ပြောလို့မရဘူး။ အဲဒီတော့ တရားရေးပိုင်းက ဒီအမှုတွေကို အဲဒီလောက် ကြန့်ကြာနေတဲ့ကိစ္စတွေက ပြ ဿနာ ရှိနိုင်တယ်။ နောက်တခုက နောက်ဆုံး ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား ပမာဏ တော်တော် နည်းသွားပြီ။ ဒါပေမယ့် နည်းသွားတဲ့ အချိန်မှာ အငြင်းပွားစရာ အမှုတွေ ကျန်နေတယ်”လို့ ဦးကိုကိုကြီးက ပြောပြပါတယ်။

အခုအချိန်အထိ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၀ ကျော် ကျန်ရှိနေပြီး ပုဒ်မ ၁၈၊ ၅၀၅(ခ) လို ပုဒ်မ တွေ နဲ့ တရားစွဲဆို ခံထားရတဲ့ လူဦးရေပေါင်း အနည်းဆုံး ၁၈၉ ဦးလောက် ကျန်ရှိနေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) ရဲ့ စစ်တမ်း ကောက်ယူချက်အရ သိရပါတယ်။

ဦးကိုကိုကြီးက“နောက်ထပ် နိုင်ငံရေးအကျဉ်းသား ဖြစ်မလာအောင် တချို့ဥပဒေတွေကို ပြင်ဆင်တာ၊ ဖျက်သိမ်းတာတွေ လုပ်ရ တော့မယ်။ အဲဒါမှပဲ သမ္မတ ကတိစကားအတိုင်း ဒီနှစ်ကုန်မှာ လွှတ်နိုင်မှာ၊ အခုတောင် နှစ်က ကုန်တော့ဖို့ ရက်ပိုင်းပဲ လိုတော့တယ် ဆိုတော့ ရိုးရိုးစကားအတိုင်းပြောရရင် ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား မကုန်နိုင်ဘူး။ ဟိုဘက်နှစ်ထဲကို ဆက်ပြီး ဆောင်ရွက်ရ မယ့် ကိစ္စတွေ ပါလာပြီ”လို့ ပြောကြားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အနေနဲ့လည်း လက်ရှိမှာ ပုဒ်မ ၁၈ လို အမှုတွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေ လွတ်မြောက်နိုင်ဖို့ အတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း AAPP အတွင်းအရေးမှူး ကိုတိတ်နိုင်ကလည်း ပြောပါတယ်။

“ကျနော်တို့ နိုင်ငံမှာတော့ တကယ်တမ်း ဆန္ဒပြဖို့ စာတင်လိုက်တဲ့ သူတွေ၊ ဆန္ဒပြနေတဲ့သူတွေကို အကာအကွယ်ပေးရာ မရောက် ဘဲနဲ့ ဘယ်လို ခြိမ်းခြောက်ရမလဲ ဆိုတာမျိုးတွေ၊ ဟန့်တားတဲ့ ကိစ္စမျိုးတွေ၊ အရေးယူတဲ့ ကိစ္စမျိုးတွေကိုပဲ လုပ်ဆောင်နေကြပါတယ်။ ကျနော်တို့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက ဒီကနေ့ အထိ ဖမ်းဆီးခံနေရတဲ့ အကျဉ်းသားတွေ လွှတ်ပေးဖို့ အပြင် ပုဒ်မ ၁၈ နဲ့ တရားစွဲဆို ခံနေရတဲ့သူတွေရဲ့ အမှုကို ပလပ်ပေးဖို့ ကိစ္စတွေကိုလည်း ကြိုးစားနေပါတယ်”လို့ ကိုတိတ်နိုင်က ပြော ဆိုပါတယ်။

လာမယ့် ဇန်နဝါရီလ ၄ ရက်မှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ထိခိုက်စေမယ့် ပုဒ်မ ၁၈ လို ဥပဒေကို ပယ်ဖျက် ပေးဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့အစည်း အပါအဝင် အဖွဲ့အစည်းပေါင်း ၆၀ နီးပါး ပူးပေါင်းပြီး ဆန္ဒပြ တောင်းဆိုသွားမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဆိုပါတယ်။

အများ သဘောတူ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနိုင်ဖို့ ပြီးခဲ့တဲ့ ၂၄ ရက် က သက်ဆိုင်ရာ ဌာနတွေကို တင်ပြထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ လူသားတွေရဲ့ အခွင့်အရေးကို ခြိမ်းခြောက်နေတာက ပုဒ်မ ၁၈ လို မတရားတဲ့ ဥပဒေတွေ ဖြစ်တဲ့အတွက် ယင်း ဥပဒေတွေကို ဖျက်သိမ်းပေးဖို့ အဖွဲ့အစည်းတွေက တောင်းဆို နေကြတာ ဖြစ်တယ်လို့ ကိုတိတ်နိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့က အခုလို လူတွေကို လွှတ်ပေးလိုက်တာနဲ့ မပြီးဘူးဆိုတာကို ပြောပြချင်ပါတယ်။ ဒီလို ဥပဒေတွေ ပုဒ်မ ၁၈ လို၊ ၅၀၅ (ခ) တွေ ရှိနေသမျှတော့ ထပ်ပြီးတော့ ဖမ်းနေမှာပဲ။ ထောင်တွေလည်း ကျနေမှာပဲ။ ဒါကြောင့် ဒီပုဒ်မတွေဟာ မြန်မာနိုင်ငံမှာ ပြည် သူတွေကို အကာအကွယ်ပေး စောင့်ရှောက်ရာ မရောက်ပါဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူသားတွေရဲ့ အခွင့်အရေးကို ခြိမ်းခြောက် ရာ ရောက်နေတဲ့အတွက် ဒါတွေကို ဖျက်သိမ်းပေးဖို့ ကျနော်တို့ တောင်းဆို နေကြတာပါ။

မကြာခင် ရက်ပိုင်းကမှ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက နိုင်ငံတော် သမ္မတ အပါအဝင် သက် ဆိုင်ရာ ဌာန ၈ ခုကို ပုဒ်မ ၁၈ လို မတရား ဥပဒေတွေနဲ့ ပတ်သက်ပြီး တောင်းဆိုချက် သုံးချက်ကို ပေးပို့ခဲ့ကြောင်း သိရပါတယ်။

အဲဒီ တောင်းဆိုချက်တွေထဲမှာ နိုင်ငံသားတို့ရဲ့ မူလ အခွင့်အရေးများနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာ စာတမ်းတွေအရ ဒီမိုကရေစီ နိုင်ငံကို အကောင်အထည်ဖော်နေတဲ့ နိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်က နိုင်ငံသား အားလုံးအတွက် အာမခံချက်ရှိတဲ့ အခွင့်အရေးဖြစ်ကြောင်း၊ ဒါကြောင့် ပြည်သူတွေအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ် ချုပ်ချယ်မှုတွေ မလုပ်ဖို့ လိုအပ်ကြောင်း၊ အဲဒီလို ပြုလုပ်မှုဟာ ဒီမိုကရေစီနိုင်ငံနဲ့ မသင့်လျော်ကြောင်း စတဲ့အချက်တွေ ပါဝင် ပါတယ်။

နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ် ချုပ်ချယ်တဲ့ ဥပဒေတွေကို ပြင်ဆင်ပေးဖို့နဲ့ မကိုက်ညီတာတွေကို ဖျက်သိမ်းပေးဖို့၊ ဒီမိုကရေစီနိုင်ငံ နဲ့ မသင့်တဲ့ နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ် ချုပ်ချယ် ဖမ်းဆီး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ တရားစွဲဆိုဆဲ အမှုတွေကို ပလပ် ဖျက်သိမ်းပေးဖို့၊ ထပ်မံဖမ်းဆီး အရေးယူတာတွေကို မပြုလုပ်ဖို့ စတဲ့ အချက်တွေကိုလည်း ထည့် သွင်း ထုတ်ပြန် ထားပါတယ်။

အစိုးရသစ် လက်ထက် ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီး ထိန်းသိမ်း ထောင်ချခြင်း ခံရသော နိုင်ငံရေး အကျဉ်းသားဦးရေ ထပ်မံ တိုးပွားလာနေကြောင်းလည်း နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီက ထုတ်ပြန် ကြေညာ ထားပါတယ်။

Your Thoughts …
Tags: Political Prisoners
သူဇာ

သူဇာ

ဧရာဝတီ

Similar Picks:

ကြိုးတိုက် ဋီကာ (၅)

ကြိုးတိုက် ဋီကာ (၅)

by လင်းသန့်
27 May 2014
11k

မောင်းတံကို ဖြုတ်လိုက်ရင် ကြမ်းပြင်ပေါ် မတ်တတ် ရပ်နေတဲ့ ကြိုးပေးခံရမည့် သူဟာ တံခါးချပ်လို ရှိနေတဲ့ ကြမ်းပြင်ပေါ် ခြေလွတ်သွားပြီ ဆိုတော့ လေဟာပြင်ထဲ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေပွဲဝင်ရမယ့် ပုံပါ။

စစ်ခွေးတိုက်, အင်းစိန်ထောင်, ကြိုးတိုက်, Black September, အစားငတ်ခံ ဆန္ဒပြ

ကြိုးတိုက် ဋီကာ (၁၀)

by လင်းသန့်
3 July 2014
6.5k

နှစ်ရက် နီးပါးလောက် အဆက် မပြတ် ရိုက်နှက် မှုတွေ ခဏအဆုံးသတ် သွားချိန် ဒဏ်ရာ တွေကြောင့် ထိုင်ရခက်၊ လှဲရခက် ဖြစ်နေပေတုန်း အမှတ်မထင် အခန်းတွင်း နံရံပေါ်က စာတချို့ကို သွားဖတ်မိ လိုက်တယ်။ အဲဒီစာက...

ကြိုးတိုက် ဋီကာ (၁၄)

ကြိုးတိုက် ဋီကာ (၁၄)

by လင်းသန့်
12 August 2014
7.1k

ဦးနှောက်တွေ သေသွားစေဖို့ သတင်းတွေကို ဖုံးဖိဖြတ်တောက် ထားခဲ့ပေမယ့် ကြက်တူရွေး အကူအညီနဲ့ မြန်မာနဲ့ ကမ္ဘာတဝန်းက နေ့စဉ်ဖြစ်ပျက် နေတာတွေကို အကျဉ်းထောင်တွင်း၊ သံတိုင်ကြားက လူတွေ သိခွင့်ရ ကြရတယ်။

အင်းစိန်ထောင်, ကြိုးတိုက်, ဂဠုန်ဦးစော, နိုင်ငံရေး အကျဉ်းသား, စစ်အာဏာရှင်အုပ်ချုပ်ရေး, ၈၈ အရေးအခင်း, ABSDF, ကြိုးပေးခြင်း, စစ်ထောက်လှမ်းရေး,

ကြိုးတိုက် ဋီကာ (၄)

by လင်းသန့်
21 May 2014
11.3k

ကိုယ် အလေးချိန် ယူတယ် ဆိုတာက ကြိုးသမားတွေကို ကြိုးပေး သတ်မယ့် ကြိုးသမားရဲ့ ကိုယ် အလေးချိန်နဲ့ ကိုက်ညီအောင် ကြိုးကျစ်ဖို့ အတွက် ဖြစ်တယ်လို့ ကြိုးသမား ဟောင်းတွေက ပြောကြတယ်။

ဦးခင်ညွန့်ရဲ့ လက်ရာ ငရဲနဲ့ တာဝတိ ံသာ

ဦးခင်ညွန့်ရဲ့ လက်ရာ ငရဲနဲ့ တာဝတိ ံသာ

by ကျော်ခ
11 June 2013
20.5k

တရားခံ အစစ်မဟုတ်ဘဲ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ အကျဉ်းချ ခံခဲ့ရတဲ့အတွက် သူတို့ဘဝတွေဟာ စိတ်ပိုင်းကော၊ ရုပ်ပိုင်းဆိုင်ရာပါ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ သူတို့လို အလားတူ ခံစားခဲ့ရသူတွေ ဦးခင်ညွန့် လက်ထက်မှာ ရာချီ...

အင်းစိန် ထောင်, ကြိုးတိုက်, နိုင်ငံရေး အကျဉ်းသား, သေဒဏ်, ABSDF, စစ်ခုံရုံး

ကြိုးတိုက် ဋီကာ

by လင်းသန့်
28 April 2014
11.4k

အင်းစိန် ထောင်ဆိုတာ ဗြိတိသျှ ကိုလိုနီတွေ ကတော့ မြန်မာနဲ့ စစ်ပွဲတွေ အပြီး သူတို့ရဲ့ အုပ်ချုပ်ရေးကို ထိခိုက်အောင် လုပ်သူတွေကို ထိန်းသိမ်းဖို့ သူတို့ သိမ်းပိုက်တဲ့ နိုင်ငံတိုင်းမှာ အကျဉ်းထောင် တွေကို တည်ဆောက်လေ့ ရှိတဲ့အထဲ...

Next Post
ရခိုင် ပြည်နယ်,ပဋိပက္ခ, အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့, ၉၆၉, တရားပွဲ

ရခိုင်ပြည်နယ် အတွင်း ၉၆၉ တရားပွဲများ ကျင်းပ

အနာဂတ်, စီးပွားရေး, စီမံခန့်ခွဲ, သဘောတရား, MBA ဘွဲ့

အနာဂတ် စီးပွားရေး ခေါင်းဆောင်များ အတွက် MBA ဘွဲ့ အရေးပါ

Please login to join discussion
No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate