ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်း၌ ယနေ့မွန်လွဲပိုင်းက မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၁၀၀ ခန့် ဆုံးရှုံးပြီး၊ လူ အသေအပျောက် မရှိကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုကို ဒုက္ခသည် စခန်းရှိ လူများနှင့် ထိုင်းမီးသတ် တပ်ဖွဲ့တို့ ဝိုင်းဝန်း ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်သည့် အကြောင်းရင်းကို မသိရသေးကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူတချို့နှင့် ထိုင်းအာဏာပိုင်တို့ လာရောက်ခဲ့ကြောင်း ဒုက္ခသည် စခန်းတွင် နေထိုင်သူ တဦးက ဧရာဝတီကို ပြောသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၅၀ ကျော် အကွာရှိ မယ်လ ဒုက္ခသည် စခန်းတွင် ရပ်ကွက် ၂၂ ခုရှိပြီး လူဦးရေ သောင်းနှင့်ချီနေထိုင်သည့် အကြီးဆုံး ဒုက္ခသည် စခန်းတခု ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။