မြန်မာ ပြည်သူ့ ဖိုရမ် ကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ၌ ဒီဇင်ဘာ ၂၈ ရက်နေ့က ၃၀ ရက်အဖိ ကျင်းပနေ သည်။ ယင်းဖိုရမ်၌ ခွဲခြားနှိမ်ချ ဆက်ဆံခံရမှုများ၊ ဆင်းရဲမွဲတေမှုနှင့် လူမှုရေး မငြိမ်မသက် ဖြစ်စဉ်များ၊ အသွင်ကူးပြောင်းရေး ကာ လ တည်ဆောက်မှုများနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားကြောင်း သိရသည်။ တပ်မတော်မှ ပြောင်းလဲလာသည့် Stateholder များ သံသယဝင်ခြင်း၊ ပြည်သူများကြား ခွဲခြားနှိမ်ချ ဆက်ဆံခံရမှုများ၊ ဆင်းရဲတွင်း နက်မှုများ စသည်တို့လည်း ပါဝင်သည်ဟု ဆိုသည်။ ဖိုရမ် တက်ရောက်ရန် အဖွဲ့အစည်း ၂၀၀ ကျော်က စာရင်းပေးထားကြောင်း လည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။