သတင်းတို

အင်ဒိုနီးရှား သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု စင်တာ ဖွင့်လှစ်

This article has been converted from Zawgyi One to Unicode

အင်ဒိုနီးရှား သတင်းအချက်အလက်နှင့် ယဉ်ကျေးမှု စင်တာ (Indonesian Information and Culture Center) ဖွင့်ပွဲကို ရန်ကုန် မင်းရဲကျော်စွာလမ်းရှိ အင်ဒိုနီးရှားသံရုံး အတွင်း ဖွင့်လှစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့က ဖွင့်လှစ်သည့် ယင်း စင်တာ တွင် အင်ဒိုနီးရှား ယဉ်ကျေးမှု၊ စာပေများ၊ ချက်ပြုတ်နည်းများ၊ ဘာသာစကားများ အလွယ်တကူ လာရောက် လေ့လာနိုင်ရန် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

Loading