မြန်မာ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ကဏ္ဍ ၃ ခုတွင် လူဇင်ဘတ် နိုင်ငံက ယူရို ၅ သန်း တန်ဖိုးရှိ အကူအညီများနှင့် နည်းပညာ အထောက်အပံ့များ ပေးရန် စတင်နေပြီဖြစ်ကြောင်း ယနေ့ထုတ် မြန်မာတိုင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်း ကဏ္ဍ များမှာ ပြည်နယ် အစိုးရ၊ တိုင်းဒေသကြီး အစိုးရနှင့် ပတ်သက်သည့် ကဏ္ဍ၊ တက္ကသိုလ် ပညာရေးတွင် ခရီးသွားနှင့် ပတ်သက်သည့် ကဏ္ဍ၊ ပုဂ္ဂလိက ခရီးသွားလာရေး အခန်းကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်ရေး ကူညီမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။