ဖိလစ်ပိုင်-မြန်မာ ဗီဇာလွတ် ခရီးသွားလာခြင်းကို ဇန်နဝါရီ ၄ ရက်တွင် စတင်နိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဒီဇင်ဘာ ၂၇ ရက်နေ့က ကြေညာသည်။ နိုင်ငံကူးလက်မှတ် (Passport) ကိုင်ဆောင်ထားသူများသည် ၁၄ ရက်ကြာ ဗီဇာ ကင်းလွတ်ခွင့်ဖြင့် လည်ပတ်နိုင်မည် ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၅ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ ဖိလစ်ပိုင် ခရီးစဉ်အတွင်း သဘော တူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် နှစ်နိုင်ငံကြား ခရီးသွားမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်မည် ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။