• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

ကယား စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည် ခေါ်ယူမည်

by နန်းဆိုင်နွမ်
30 December 2013
in Ethnic Issues
A A
ကရင်နီ, ကယား ဒုက္ခသည်များ, ကယား ပြည်နယ် ,ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ, KNPP

ပြီးခဲ့သည့် မတ်လအတွင်းက မီးလောင်ပြီးနောက် တွေ့ရသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ရှိ ကရင်နီ ဒုက္ခသည် စခန်း အမှတ် ၂ မှ ဒုက္ခသည် တချို့ (ဓာတ်ပုံ – know)

3.2k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံနယ်စပ်နှင့် ပြည်တွင်း ဒုက္ခသည် စခန်းများရှိ ကယား (ကရင်နီ) စစ်ဘေးရှောင် ဒုက္ခသည်များကို ပြန်လည်နေရာ ချထား ပေးရန် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် ပြည်နယ် အစိုးရတို့ စီစဉ်နေကြကြောင်း သိရသည်။

“ဒုက္ခသည်တွေ အတွက် အိမ်ခြေ ၅၀ ဆောက်ပေးဖို့ လျာထားပါတယ်။ ၃ နှစ်စာ ထောက်ပံ့ကြေး ပေးဖို့တွေ၊ မိုင်း ရှင်းလင်းရေး ကိစ္စတွေ လုပ်ဆောင်နေ ပါတယ်။ အဲ့ဒါတွေ အားလုံး လုပ်ပြီးမှပဲ ပြန်ခေါ်ပါမယ်”ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
33
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
57
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
305

လက်ရှိ အချိန်တွင် ပြည်တွင်း စစ်ဘေးရှောင် (IDPs) များအတွက် ကယားပြည်နယ် ရှားတောမြို့နယ် မယ်လယု စံပြကျေးရွာတွင် ဦးစွာ ပြန်လည် နေရာ ချပေးမည်ဖြစ်ပြီး ပြန်လာသူများကို ကူညီ ထောက်ပ့ံ့မည်ဟု ၎င်းက ပြောဆိုသည်။

ထိုင်းနိုင်ငံ နယ်စပ်သို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို ပြန်ခေါ်ရန် အတွက်ကိုမူ အစိုးရက တရားဝင် ခွင့်ပြုမိန့် မကျလာသေးကြောင်းနှင့် ယခု စစ်ဘေးရှောင် ပြည်တွင်း ဒုက္ခသည်များ (IDPs) ကို ထားရှိမည့် မယ်လယု စံပြကျေးရွာတွင် လမ်းများ မဖောက် လုပ်ရ သေးကြောင်းလည်း ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောသည်။

ကယား ဒေသတွင် ၁၉၈၄ ခုနှစ်မှစပြီး အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဖြစ်ပွားသည့် စစ်ပွဲများကြောင့် ဒုက္ခသည်များသည် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးခဲ့ကြရသည်။ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်း အဖွဲ့ (TBC) ၏ စားနပ်ရိက္ခာ ထောက်ပံ့မှု အကူအညီဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင်ရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ခိုလှုံနေထိုင် နေကြသည်။

ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင် အမှတ် ၁ နှင့်အမှတ် ၂  ဒုက္ခသည် စခန်း၂ ခုတွင် ယခင်က ဒုက္ခသည် ဦးရေ ၃၀,၀၀၀ နီးပါး နေ ထိုင်ခဲ့ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး(UNHCR) အစီအစဉ်ဖြင့် တတိယ နိုင်ငံသို့ ၁၀၀၀၀ ကျော် သွားရောက် အခြေချ နေထိုင်နေကြောင်း၊ ယခု လက်ရှိ စုစုပေါင်း ဒုက္ခသည် ဦးရေ ၁၆,၀၀၀ ခန့် ကျန်ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသည့် ဒုက္ခသည် (Refugee) များ နှင့် ပြည်တွင်း စစ်ဘေးရှောင် (IDPs)များ အားလုံးကို ပြန်လည် ခေါ်ဆောင်နိုင်ရန် ကယား ပြည်နယ် အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)တို့ ညှိနှိုင်း နေ ဆဲ ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုသည်။

Your Thoughts …
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ကမ္ဘာ့အမျိုးသမီးဖိုရမ်, မီဒီယာ, အမျိုးသမီးသတင်းထောက်, AFP, လှလှဌေး

AFP သတင်းအေဂျင်စီ ဌာနေကိုယ်စားလှယ် ဒေါ်လှလှဌေးနှင့် တွေ့ဆုံခြင်း

၂၀၁၂ အကယ်ဒမီ, အနုပညာ, ရုပ်ရှင်, နဝရတ်, ဖွေးဖွေး, ယွန်းယွန်း

၂၀၁၂ အကယ်ဒမီနဲ့ နောက်ဆက်တွဲ စကားသံများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate