သတင်းတို

လူမှု အကျိုးပြု မလုပ်သည့် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခွင့် မပြု

This article has been converted from Zawgyi One to Unicode

လူမှုအကျိုးပြုလုပ်ငန်းများ Corporate Social Responsibilities (CRS)လုပ်ဆောင် မပေးသည့် ကုမ္ပဏီများကို ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံခွင့် လုံး၀ မပြုကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် သမ္မတအကြံပေး ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုသည်။ ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သည့် မြန်မာပြည်သူ့ဖိုရမ်တွင် ယင်းသို့ ပြောကြားခြင်း ဖြစ်ပြီး CSR အတွက် လူ့အခွင့်အရေး မည်မျှပေးနိုင်မည်၊ အလုပ်သမား အခွင့်အရေး မည်မျှ ပေးနိုင်မည်၊ သဘာဝပတ်ဝန်းကျင် မည်မျှ ပေးနိုင်မည်နှင့် Anticorrosion (ပျက်စီးယိုယွင်းသွားမှု ကာကွယ်ရေး) ရှိမရှိ စစ်ဆေးပြီးမှ လက်ခံကြောင်း သိရသည် ။

Loading