သတင်းတို

သြစတြေးလျ အကူအညီဖြင့် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်မည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် သိုး၊ ဆိတ်၊ နွား၊ တိုင်းရင်းကြက် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများနှင့်ပတ်သက်၍ သုတေသန စီမံကိန်းတရပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် ရန်ကုန် တိုင်းမ် သတင်းစာ၌ ဖော်ပြထားသည်။ ယင်းစီမံကိန်းကို မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် သြ စတြေးလျနိုင်ငံမှ ကွင်းစလန်း၊ မဲလ်ဘုန်း တက္ကသိုလ်များမှ ပညာရှင်များ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Loading