သတင်းတို

ကမ္ဘာလှည့်ခရီးသည် သုံးသန်း တည်းခိုနေထိုင်ရေး ဆောင်ရွက်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား ဧည့်သည် ဝင်ထွက်သွားလာမှု ဦးရေ အတိအကျ သိနိုင်ရန် အတွက် ဂြိုဟ်တုစနစ် အသုံးပြု ရန် ပြင်ဆင်နေကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ်က ခရီးသည် ဝင်ရောက်မှုမှာ ၁ ဒသမ ၀၆ သန်း ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန် အထိ ခရီးသည် ၂ သန်း ဝင်ရောက်မည်ဟု ခန့်မှန်းကြောင်း၊ ၂၀၁၄ တွင် ခရီး သည် ၃ သန်း လာရောက်မည်ဟု မျှော်မှန်းထားရာ ခရီးသည်များ တည်းခိုနေထိုင်ရေး အတွက် ဟိုတယ်၊ မိုတယ်၊ အင်းများ စနစ် တကျ စိစစ် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

Loading