သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ပြစ်မှုများဖြင့် ပြစ်ဒဏ်ချထားသူများကို လွတ်ငြိမ်းခွင့် အမိန့် ထုတ်ပြန်လိုက်သည်။ ယမန်နေ့ည က ထုတ်ပြန်သည့် ယင်းအမိန့်အရ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ထိုနေ့ မတိုင်မီ မတရား အသင်း အက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံတော် သစ္စဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂)၊ အကြည်ညို ပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ -က) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူအကျိုး ပျက်စီးစေမှု (ပြစ် မှုဆိုင်ရာ ဥပဒေ ပုဒ်မ ပြစ်မှုများ၌သာ ပြစ်ဒဏ် ခံနေရသူများ၊ ၅၀၅)၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ၊ ကြားနာ စစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်း အရေးယူဆဲ ခံနေရသူများ ပါဝင်ကြောင်း သိရသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။