သတင်းတို
အင်ဒိုနီးရှားရှိ မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှု စစ်သွေးကြွများ ပတ်သက်မှု ရှိမရှိ စစ်ဆေး
This article has been converted from Zawgyi One to Unicode
အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ ဆင်ခြေဖုံး ရပ်ကွက်တခုရှိ အိမ်တအိမ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူး ရဲတပ်ဖွဲ့က ယမန် နေ့က ဝင်စီးရာ စစ်သွေးကြွဟု မသင်္ကာသူ ၆ ဦး အသေဖမ်းဆီးရမိကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကို ကိုးကား၍ AP သတင်း တွင် ဖော်ပြထားသည်။ ယင်း သေဆုံးသူများက လက်နက်ချရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ၉ နာရီကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း၊ သေ ဆုံးသွားသူများသည် လုယက်မှု၊ ရဲအရာရှိများအား သတ်ဖြတ်မှုများ အပါအဝင် ယမန်နှစ် မေလက ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်မှု နှင့် ပတ်သက်ခြင်း ရှိမရှိ စစ်ဆေးနေကြောင်း၊ ၎င်းတို့ထံမှ ပစ္စတို ၅ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ရူပီး သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၁၆၅၀၀)နှင့် ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ဖမ်းဆီးရိမိကြောင်း သိရသည်။