သတင်းတို

မန္တလေးမြို့တော် စည်ပင် အတွင်းရေးမှူးနှင့် အရာရှိ ၁ ဦး တာဝန်မှရပ်နား

This article has been converted from Zawgyi One to Unicode

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင် ၁ တို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇန်နဝါရီ ၁ ရက်တွင် တာဝန်မှ ရပ်နားလိုက်ကြောင်း ယနေ့ထုတ် 7 Day သတင်းစာ၌ ဖော်ပြထားသည်။ အတွင်းရေးမှူးသည် ၁၅ နှစ် ခန့် တာဝန်ထမ်းဆောင် ခဲ့ပြီး ကော်မတီဝင် ၁ သည် ၉ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၎င်းတို့သည် စစ်တပ်မှ အသွင်ပြောင်း ရောက်လာသည့် အရာရှိများဖြစ်ကြောင်း သိရသော်လည်း မည်သည့် အကြောင်းကြောင့် တာဝန်မှရပ်နားခြင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။

Loading