သတင်းတို
ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတား ဖွင့်တော့မည်
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံ၏ ပထမဆုံး နှစ်ထပ် ဘုရင့်နောင် ခုံးကျော်တံတားကို လာမည့် ဇန်နဝါရီ ၅ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတံတားကြီးကို First Myanmar Construction Co., Ltd. နှင့် ထိုင်းနိုင်ငံမှ PTC (Prestnessed) Thailand Co., Ltd. တို့ပူးပေါင်းကာ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့တွင် စတင် တည်ဆောက် ခဲ့ကြောင်း၊ တည်ဆောက်မှုအတွက် ကုန်ကျစရိတ် ကျပ် ၂၆ ဒသမ ၆၂၆ ဘီလီယံ ဖြစ်ကြောင်း၊ တံတားခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရသည်။