သမ္မတ ဦးသိန်းစိန် ရေဒီယိုမှတဆင့် ပြည်သူများသို့ ပြောကြားသော နှစ်သစ်ကူးမိန့်ခွန်းတွင် နိုင်ငံရေးဆန္ဒများ ပိုမိုမျှော်မှန်း ဆောင် ရွက်ပါက နိုင်ငံရေအကြပ်အတည်း ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးလိုက်သည်။ ၎င်း သမ္မတတာဝန်ယူသည့် နေ့မှစပြီး ဖြစ်သင့်ဖြစ် ထိုက်သည့် နိုင်ငံရေးနှင့် လက်တွေ့ဖြစ်နိုင်သည့် ကိစ္စရပ်များ ပေါင်းစပ်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံရေး ဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်းပါက နိုင်ငံရေးအကြပ်အတည်းတခု ဖြစ်ပေါ်ပြီး အခွင့်အလမ်းများ ဆုံးရှုံးသွားနိုင်ကြောင်း သတိပေး ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍လည်း ငြိမ်းချမ်းရေး ဖြစ် စဉ် ကို အခြေပြုပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်စေရေး အတွက် ပြင်ဆင်ရမည် ဖြစ် ကြောင်း၊ ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းတရပ် ပီပြင်လာစေရေးအတွက် ဒီမိုကရေ စီ စံနှုန်း တန်ဖိုးများ ပြည့်မီစေရေး အတွက် ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ မည်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသား တဦးကိုမျှ နိုင်ငံ ရေး ဦးဆောင်ခွင့်ကို ကန့်သတ် တားမြစ်တာမျိုး မဖြစ်စေလိုကြောင်း ထည့်သွင်း ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။