သတင်းတို

မိတ္ထီလာကန်ကို စစ်တပ်က မြေဖို့ကျူးကျော်

This article has been converted from Zawgyi One to Unicode

မိတ္ထီလာမြို့ သမိုင်းဝင် ကန်တော်ကြီးကန် နယ်နိမိတ်အတွင်း စစ်တပ်က မြေဖို့ ကျူးကျော်ကာ တိုက်တာများ ဆောက်လုပ် နေကြောင်း မိတ္ထီလာမြို့ ၈၈ အရပ်ဘက် အဖွဲ့အစည်းက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးဌာနများ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများသို့ ဇန်နဝါရီ ၁ ရက်နေ့က တိုင်ကြားစာ အသီးသီး ပေးပို့လိုက်ကြောင်း ယနေ့ထုတ် စံတော်ချိန် သတင်းစာ ၌ ဖော်ပြထားသည်။ မိတ္ထီလာ-မြင်းခြံ သံလမ်း မြောက်ဘက် ပွဲစားတန်းရှိ ကန်မြေအတွင်း ကျူးကျော်အိမ်များ ဆောက်လုပ်ခြင်းနှင့် စည်သူရေဆိုးကန်ကြီးကို မြေဖို့၍ တိုက်တာများ ဆောက်လုပ်နေခြင်း၊ ပေါက်ချောင်း ၂ ရပ်ကွက် ငါးကန် အနောက်ဘက်ရှိ ကန်မြေ ကို ခလရ ၇၉ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး မင်းထက်ဟိန်းက ပေ ၄၀ x ပေ ၅၀ ရှိ မြေကွက် ၁၁ ကွက် ရိုက်၍ နေရာချထားနေကြောင်း သိရသည်။

Loading