သတင်းတို
လိုင်စင်မဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အရေးယူမည်
This article has been converted from Zawgyi One to Unicode
ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက လိုင်စင်နှင့် ခွင့်ပြုချက် မရှိဘဲ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ ဆက်သွယ်ရေး ပစ္စည်းကိုင်ဆောင် အသုံးပြုခြင်းများကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ကြေညာ ချက် ထုတ်ပြန်သည်။ တချို့သော ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများသည် လိုင်စင်၊ ခွင့်ပြုချက် မရှိဘဲ ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်နေခြင်း၊ ကန့်သတ်စက်ပစ္စည်းများ ဖြစ်သည့် ရေဒီယို လွှင့်ဖမ်းစက်များ၊ ဆက်သွယ်ရေး စနစ်ကို အနှောင့်အယှက် ဖြစ် စေသော ပစ္စည်း အသုံးပြုနေခြင်းများနှင့် ပတ်သက်ပြီး ပြဋ္ဌာန်းပြီးသည့် ဆက်သွယ်ရေး ဥပဒေနှင့် အညီ တရားဝင် လိုင်စင်လျှောက် ထား ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။