သတင်းတို

အာဆီယံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်း အစည်းအဝေး ကျင်းပမည်

This article has been converted from Zawgyi One to Unicode

၆၂ ကြိမ်မြောက် အာဆီယံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၀ နှင့် ၁၁ ရက်နေ့များတွင် နေပြည်တော်ရှိ အမရာ ဟိုတယ်၌ ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ အဆိုပါ အစည်းအဝေးသည် ပထမဆုံး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခြင်းဖြစ်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် မြန်မာနိုင်ငံ မှ ရင်းနှီးမြှုပ်နှံမှု ဘာသာရပ် တာဝန်ခံအရာရှိ ၅ဝ ခန့် တက်ရောက်မည် ဖြစ်ကြောင်း အာဆီယံ ဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ ကော်မတီ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း၊ လွယ်ကူချောမွေ့ခြင်း၊ ဖြေလျှော့ခြင်း၊ တိုးတက်စီးဝင်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရ သည်။

Loading