၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခြင်းသည် ပုဂ္ဂိုလ်ရေး မျှော်လင့်ချက် အတွက် တောင်းဆိုခြင်း မဟုတ်ဘဲ တိုင်းပြည်အတွက် လိုအပ်ချက်အရ တောင်းဆိုခြင်း ဖြစ်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်သည်။ ယမန်နေ့က အင်းလျားလမ်းရှိ လွှတ်တော် ရုံးခွဲတွင် ပြုလုပ်သည့် တရားဥပဒေ စိုးမိုးမှု ရှိရေး ဆွေးနွေးပွဲ အပြီး သတင်းထောက်များ အမေးကို ဖြေကြားခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဖွဲ့စည်းပုံ ပြင်ဆင်နိုင် ရေး စစ်တပ်၊ သမ္မတ၊ လွှတ်တော်နှင့် NLD လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းရန် NLD က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။