• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

စပ်ကြားအစိုးရများအကြောင်း သုံးသပ်ကြည့်ခြင်း (၂)

by လယ်ရီ ဒိုင်းမွန်း
5 January 2014
in Politics
A A
နိုင်ငံရေး, ဒီမိုကရေစီ, ရွေးကောက်ပွဲ, အခြေခံဥပဒေ

၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ကျမ်းကျိန်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ လွှတ်တော် အမတ်များ။ (ဓာတ်ပုံ – ဧရာဝတီ)

4.6k
VIEWS
Share on FacebookShare on Twitter

စပ်ကြားအစိုးရ ဆိုတာကို နောက်တမျိုးခေါ်တာကတော့ (နောက်အက်ဆေး ၃ ခုကလည်း အဲဒီလို ခေါ်တာကို အနည်းနဲ့ အများဆိုသလို ကြိုက်ပါတယ်) “ရွေးကောက်ပွဲရှိသော အာဏာပိုင်စနစ်”  ဆိုတာပါ။ ဒါပေမယ့် “အယောင်ဆောင် ဒီမိုကရေစီ” (Pseudo-democracy) ဆိုတဲ့ စကားလုံးကမှ ဒီနေ့ခေတ်ပြိုင်ကမ္ဘာနဲ့ အဓိပ္ပါယ်ချင်း ပိုပြီး အဟပ်မိနေပါတယ်။  ခောတ်ပြိုင်ကမ္ဘာမှာ ဒီမိုကရေစီ ဆိုတာကပဲ လူတွေကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုပေးကြတဲ့ တခုတည်းသော အုပ်ချုပ်မှုပုံစံဖြစ်ပြီး၊ ဒီမိုကရေစီ အုပ်ချုပ်မှု ပုံစံကို ကျင့်သုံးဖို့ ( ဒါမှမဟုတ် ဟန်ပြ လုပ်ဆောင်ပြဖို့) အစိုးရတွေက ဖိအားတွေ ပေးခံနေရပြီး (ပြည်တွင်းနဲ့ နိုင်ငံတကာကနေလာတဲ့) ဖိအားတွေကလည်း အရင်က မကြုံဖူးတဲ့ အတိုင်းအတာနဲ့ များပြားလှပါတယ်။ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ပေါ်ထွက်နေတဲ့ စပ်ကြားအုပ်ချုပ်ရေး စနစ်တွေက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ‘အယောင်ဆောင် ဒီမိုကရေစီ’ ကို ကျင့်သုံးနေကြတာဖြစ်ပြီး အဲဒီစနစ်တွေမှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေဆိုတဲ့ လုပ်ထုံးလုပ်နည်းအရ ဒီမိုကရေစီဆန်တဲ့ အင်စတီကျုးရှင်းတွေက  အဏာပိုင်စနစ်လွှမ်းမိုးမှုကို ဖုံးကွယ် (တခါတလေမှာ ဆိုရင်တော့ တရားဝင်အောင် လုပ်ဆောင်ပေး) နေကြပါတယ်။

အဆိုပါ အုပ်ချုပ်ရေးစနစ်တွေမှာ ရှိနေတဲ့ ရွေးကောက်ပွဲ ပြိုင်ဆိုင်မှုနယ်ပယ်က လုံလောက်တဲ့ အတိုင်းအတာအထိ လွတ်လပ်၊ ပွင့်လင်း၊ တရားမျှတနေခြင်း မရှိပါ။ အဲဒီလိုမရှိတဲ့အတွက်  လက်ရှိ အာဏာရပါတီကို မဲဆန္ဒရှင်တွေအများစုက မကြိုက်နှစ်သက်တော့ဘူးဆိုရင် လွယ်လင့်တကူ ဖယ်ရှားဖို့  မဖြစ်နိုင်တော့ပါ။ စပ်ကြားနိုင်ငံတွေမှာ အတိုက်အခံတွေ အောင်ပွဲခံနိုင်ဖို့ဆိုတာ ဖြစ်နိုင်ချေရှိပေမယ့် သာမာန် ဒီမိုကရေစီနိုင်ငံတခုမှာ အောင်ပွဲခံနိုင်ဖို့ လိုအပ်တဲ့ စည်းရုံးလှုပ်ရှားမှု၊ စည်းလုံးညီညွတ်မှု၊ ကျွမ်းကျင်မှု၊ သတ္တိရှိမှု အတိုင်းအတာထက် အများကြီး ပိုလိုအပ်ပါတယ်။ တခါထပ်ပြီးတော့ အာဏာပိုင် စနစ်တွေအတွင်းက ရွေးကောက်ပွဲ  လုပ်ကြံဖန်တီးမှုနဲ့ မဲလိမ်မဲညာမှုတွေကို ဖော်ထုတ်ပြီး ရှုံ့ချဖို့ (၁၉၈၆ ခုနှစ်မှာ ဖိလစ်ပိုင်မှာ လုပ်သလိုမျိုး) နဲ့ ကြိုတင်ဟန့်တားတာတွေ ကာကွယ်တားဆီးတာတွေလုပ် (နိုင်ကာရာဂွာမှာ ၁၉၉၀ ပြည်နှစ်တွေက လုပ်ခဲ့သလိုမျိုး) လုပ်နိုင်ဖို့ဆိုရင် နိုင်ငံတကာ ဖလ့လာစောင့်ကြည့်မှုတွေနဲ့ ကြားဝင်ဆောင်ရွက်မှုတွေ ရှိရပါမယ်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
224
မြန်မာ့အရေး အာဆီယံ ချဉ်းကပ်မှု အလုပ်ဖြစ်မှာလား (ရုပ်/သံ)

မြန်မာ့အရေး အာဆီယံ ချဉ်းကပ်မှု အလုပ်ဖြစ်မှာလား (ရုပ်/သံ)

22 June 2025
34
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
488

စပ်ကြား ဒါမှမဟုတ် ရွေးကောက်ပွဲရှိတဲ့ အာဏာပိုင်စနစ်တွေကို ပညာရှင်တွေ အာရုံစိုက်လေ့လာပြီး ရှင်းပြလာတာက အသစ်အဆန်း ဖြစ်ရပ်ပါပဲ။ ဒါပေမယ့် အသွင်ကူးပြောင်းရေး ပါရာဒိုင်းရယ်၊ ဒီမိုကရေစီစနစ်တွေကို နှိုင်းယှဉ်လေ့လာတဲ့ နေရာရယ်မှာတော့ ပညာကိုအခြေခံပြီး လေ့လာအားထုတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အုပ်ချုပ်ရေးစနစ် အသွင်ကူးပြောင်းမှုတွေ ဖြစ်လာပြီဆိုရင် ရလဒ်တွေကို ကြိုတင်ခန့်မှန်းလို့ မရနိုင်ဘဲ အမျိုးမျိုးအဖုံဖုံ ဖြစ်လာနိုင်တယ် ဆိုတာကို ဂွီလာမို အို ဒေါ်နယ်လ်နဲ့ ဖိလစ်ရှမစ်ထာတို့က အလေးပေး ပြောဆိုခဲ့ပါတယ်။ အာဏာပိုင်စနစ်ကနေ လမ်းခွဲပြီး နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ဆောင်ရင် ဒီမိုကရေစီလည်း ရလဒ်အဖြစ် ထွက်ပေါ်လာနိုင်သလို လွတ်လပ်ခွင့်ပေးတဲ့ အာဏာပိုင်စနစ် (Dictablanda) လည်း ပေါ်ထွက်လာနိုင်သလို ကန့်သတ်ချုပ်ချုယ်ပြီး မလွတ်လပ်တဲ့ ဒီမိုကရေစီ (Democradura) လည်း ထွက်ပေါ်လာနိုင်ပါတယ်။

လက်တင်အမေရိကားမှာ ဒီမိုကရေစီတွေ ကူးစက်ပျံ့နှံ့သွားလို့ အားလုံး စိတ်အားတက်ကြွနေတဲ့ နှစ်ကာလတွေမှာ ဒီမိုကရေစီ နဲ့ ပါတီစုံရွေးကောက်ပွဲတွေဆိုတာ အတူတူပဲလို့ဆိုပြီး သူတို့ ၂ ခုကို ညီမျှခြင်းချခြင်တဲ့ သဘောထားတွေ ပေါ်ထွက်လာပါတယ်။ အဲဒီ သဘောထားတွေကို တယ်ရီကားလ်က ဝေဖန်ခဲ့ပါတယ်။  ၁၉၈၀ ပြည့်နှစ်တွေနဲ့ ၁၉၉၀ ပြည့်နှစ်တွေအစောပိုင်းမှာ ပေါ်ထွက်ခဲ့တဲ့ ဗဟိုအမေရိကား အုပ်ချုပ်ရေးနစ်တွေက လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့ပြီး စစ်တပ်လွှမ်းမိုးမှုတွေ ရှိခဲ့တာကြောင့် ဒီမိုကရေစီလို့ မပြောနိုင်ဘဲ စပ်ကြားအစိုးရတွေ အဖြစ်သာ သတ်မှတ်လို့ ရနိုင်မယ်လို့ တယ်ရီကားလ်က ပြောပါတယ်။ ရွေးကောက်ပွဲတွေ အပြိုင်အဆိုင်ဖြစ်နေတဲ့ အုပ်ချုပ်ရေးစနစ် ၆ မျိုးလောက်ကို ရောဘတ်ဒါးလ်က (၁၉၆၉ ခုနှစ်လောက်မှာ) “ ရောက်လုရောက်ခင် ပေါ်လီအာခီ Near polyarchy” လို့ ကင်ပွန်းတပ်ပေးခဲ့ပါတယ်။ ရွေးကောက်တင်မြှောက်ခံ အရာရှိတွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ခံထားရ ဒါမှမဟုတ် နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ဆိုင်မှုကို အလွန်အမင်း ကန့်သတ်ခံထားရ ဒါမှမဟုတ် ရွေးကောက်ပွဲတွေက အပြိုင်အဆိုင်ရှိပေမယ့် လွတ်လပ်မှု နဲ့ တရားမျှတမှုတွေက အကြီးအကျယ် လျှော့ချခံထားရတာကြောင့် ရွေးကောက်ပွဲ ရလဒ်တွေက ပြည်သူလူထု လိုလားမှုတွေနဲ့ လမ်းချော်ဝေးကွာနေ၊ ဒါမှမဟုတ် နိုင်ငံရေး နဲ့ အရပ်ဖက် လွတ်လပ်မှုတွေက ဆိုးဆိုးဝါးဝါး ကန့်သတ်ချုပ်ချယ် ခံထားရတာကြောင့် တချို့နိုင်ငံရေး အကျိုးစီးပွားတွေနဲ့ ရည်မှန်းချက်တွေကို မဖော်ထုတ်နိုင်တဲ့ အုပ်ချုပ်ရေးစနစ်တွေ ရှိပါတယ်။ အဲဒီလို အုပ်ချုပ်ရေးစနစ်မျိုးတွေကို “တဝစ်တပျက် ဒီမိုကရေစီ” (Semi-democratic) လို့ ကျနော်ရယ်၊ ဂျူအန်လင့်ဇ် ရယ် ဆေးမြွာမာတင်လစ်ပ်ဆက် ရယ်က သမုတ်ခဲ့ပါတယ်။

ကျနော်တို့ လေ့လာတဲ့ နိုင်ငံပေါင်း ၂၆ ခု ထဲမှာ ပါဝင်တဲ့ ဆီနီဂေါလ်၊ ဇင်ဘာဘွေ၊ မလေးရှားနဲ့ ထိုင်း (၁၉၈၀ နဲ့ ၁၉၈၈ ခုနှစ်တွေအတွင်းက ထိုင်း နိုင်ငံကို ညွှန်းတာဖြစ်ပြီး အဲဒီအချိန်တွေအတွင်းမှာ ရွေးကောက်ပွဲကနေ တက်လာတာ မဟုတ်တဲ့ ဝန်ကြီးချုပ်တယောက်က တိုင်းပြည်ကို အုပ်ချုပ်နေပါတယ်) တို့က (လယ်ဗစ်စကီး နဲ့ ဝေးလ် တို့နာမည်ပေးထားတဲ့ ) ယှဉ်ပြိုင်မှုရှိသော အာဏာပိုင်စနစ်ဆိုတဲ့ အုပ်စုထဲမှာ ပါဝင်ပါတယ်။ မက္ကဆီကိုကတော့ တပါတီလွှမ်းမိုး အုပ်ချုပ်ရေးနဲ့ အကျုံးဝင်ပါတယ်။ အဲဒီမှာဆိုရင်တော့ လက်ရှိ အာဏာရပါတီက အင်စတီကျုးရှင်းတခုလို အတော်အသင့် ခိုင်မာနေပြီး နိုင်ငံရေး အနေအထားတခုလုံးကို လက်ဝါးကြီးအုပ်ထားပါတယ်။ အကျပ်ကိုင် ခြိမ်းခြောက်ခြင်း၊ ဆရာမွေး တပည့်မွေး အုပ်စုဖွဲ့ခြင်း၊ မီဒီယာကို ထိန်းချုပ်ခြင်း၊ တရားဝင် နိုင်ငံရေးပါတီတွေ အနေနဲ့ အာဏာရရေး မကြိုးပမ်းနိုင်အောင် လုပ်ထုံးလုပ်ထုံးအရ ငြင်းပယ် ပိတ်ပင်ထားခြင်းဆိုတဲ့ နည်းလမ်းတွေသုံးပြီး လက်ဝါးကြီးအုပ်ထားတာပါ။

အယောင်ဆောင် ဒီမိုကရေစီများ ပေါ်ထွန်းလာခြင်း

တတိယလှိုင်း နှောင်းပိုင်းကာလတွေမှာ အထူးခြားဆုံး အခြင်းအရာကတော့ ဒီမိုကရေစီရယ်လို့လည်း ပြတ်ပြတ်သားသား မပြောနိုင်၊ အစဉ်အလာ အာဏာပိုင် စနစ်တွေနဲ့လည်း လုံးဝမတူတဲ့ အုပ်ချုပ်ရေးစနစ်တွေ ထူးထူးခြားခြား များများစားစား ပေါ်ထွန်းလာခြင်းပါ။ ဒီမိုကရေစီဆန်တဲ့ ရွေးကောက်ပွဲတွေ ရှိနေရုံနဲ့ မရဘဲ တရားဥပဒေစိုးမိုးမှု ခိုင်ခိုင်မာမာရှိပြီး အဲဒီခိုင်မာတဲ့ တရားဥပဒေ စိုးမိုးမှုအောက်မှာ အရပ်ဖက် လွတ်လပ်ခွင့်တွေကို အကာအကွယ် ပေးထားရမယ်ဆိုတဲ့ တင်းကျပ်တိကျတဲ့ ပေတံနဲ့ တိုင်းတာမယ်ဆိုရင် ကြားအဆင့်မှာ ကျရောက်နေသူတွေ (စပ်ကြားအစိုးရတွေ) ရဲ့ အရေအတွက် အချိုးအစားက တကယ်ကို များပြားလာပါလိမ့်မယ်။ အကြောင်းကတော့ တတိယလှိုင်းမှာ ပေါ်လာတဲ့ နိုင်ငံသစ်တွေက “မလွတ်မလပ် ဒီမိုကရေစီ” နိုင်ငံတွေဖြစ်နေလိုပါ။

ရွေးကောက်ပွဲသက်သက် ဒီမိုကရေစီ ဆိုတာကို အနိမ့်ဆုံး စံသတ်မှတ်ချက်တွေကို သုံးပြီး ရွှမ်းပီတာ၊ ဟန်တင်တန်နဲ့ တခြား ပညာရှင်တွေက တိုင်းတာထားတာ ရှိပါတယ်။ အဲဒီလို နည်းစနစ်ကိုသုံးလို့ ရွေးကောက်ပွဲသက်သက် ဒီမိုကရေစီကို သီးခြားစီတိုင်းတာပြီး လစ်ဘရယ် ဒီမိုကရေစီကို သီးခြားစီ တိုင်းတာတာက ပိုပြီးအကျိုးများတဲ့ သရုပ်ခွဲနည်းစနစ် ဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီမိုကရေစီ မဆန်တဲ့ အုပ်ချုပ်ရေးစနစ်တွေကို ပါတီစုံ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု တမျိုးတမည်ရှိသော အုပ်ချုပ်ရေးစနစ်တွေ (ရွေးကောက်ပွဲ ရှိသော ဒီမိုကရေစီစနစ်၊ အယောင်ဆောင် ဒီမိုကရေစီစနစ်၊ စပ်ကြားစနစ် စသဖြင့် အမျိုးမျိုး သမုတ်နိုင်ပါတယ်) နဲ့ နိုင်ငံရေးယှဉ်ပြိုင်မှုကို ပိတ်ထားတဲ့ စနစ်တွေဆိုပြီး ခွဲခြားနိုင်ပါတယ်။ ရွေးကောက်ပွဲရှိသော အာဏာပိုင် အုပ်ချုပ်ရေး စနစ်တွေကိုမှ နောက်တခါထပ်ပြီး (လယ်ဗစ်စကီး နဲ့ ဝေးလ်တို့ရဲ့ နည်းစနစ်အတိုင်း လိုက်ပြီး) ယှဉ်ပြိုင်မှုရှိသော အာဏာပိုင်စနစ်များ၊ ဒါမှမဟုတ်( ရှယ်ဒလာ နဲ့  ဂျီအိုဗန်နီ ဆာတိုရီတို့ရဲ့ နည်းလမ်းအတိုင်း) ယှဉ်ပြိုင်မှု မရှိသော၊ တစုတဖွဲ့ အာဏာလွှမ်းမိုးသော အာဏာပိုင် စနစ်များဆိုပြီးတော့လည်း ခွဲခြားနိုင်ပါသေးတယ်။ ဇယား (၁) နဲ့ (၂) တို့က ကမ္ဘာပေါ်မှာရှိတဲ့ အုပ်ချုပ်ရေးစနစ်တွေကို ၅ မျိုး ၅ စားခွဲထားပြီး နောက်ထပ် ကျန်နေသေးတာကိုတော့ ယတိပြတ် မပြောနိုင်သော စနစ်များလို့ ထပ်ပြီးခွဲခြားပါသေးတယ်။

ဇယား ၁။ အစိုးရ အမျိုးအစားနှင့် ကြိမ်နှုန်းများ၊ ၂၀၀၁ ခုနှစ် အကုန်အထိ

အစိုးရ အမျိုးအစား လူဦးရေ ၁ သန်း ထက် ကျော်သော နိုင်ငံများ

အရေအတွက် (ရာနှုန်း)

လူဦးရေ ၁ သန်းထက် နည်းသော နိုင်ငံများ

အရေအတွက် (ရာနှုန်း)

 

 နိုင်ငံအားလုံး

 အရေအတွက် (ရာနှုန်း)

လစ်ဘရယ် ဒီမိုကရေစီ (ဖရီးဒမ်းဟောက်စ် အမှတ် ၁ မှ ၂)

 

         ၄၅ (၃၀)            ၂၈ (၆၆.၇)          ၇၃ (၃၈.ဝ)
ရွေးကောက်ပွဲသက်သက် ဒီမိုကရေစီ

 

         ၂၉ (၁၉.၃)            ၂ (၄.၈)          ၃၁ (၁၆.၁)
ယတိပြတ် မပြောနိုင်သော စနစ်

 

         ၁၄ (၉.၃)            ၃ (၇.၁)          ၁၇ (၈.၉)
ယှဉ်ပြိုင်မှု ရှိသော အာဏာပိုင်စနစ်

 

         ၁၉ (၁၂.၇)            ၂ (၄.၈)          ၂၁ (၁၀.၉)
ရွေးကောက်ပွဲ ကျင်းပသော်လည်း တစုတဖွဲ့ အာဏာလွှမ်းမိုး စနစ်

 

         ၂၂ (၁၄.၇)            ၃ (၇.၁)          ၂၅ (၁၃.ဝ)
နိုင်ငံရေး ယှဉ်ပြိုင်ခွင့် မရှိသည့် အာဏာပိုင်စနစ်

 

          ၂၁ (၁၄)            ၄ (၉.၅)         ၂၅ (၁၃.ဝ)
စုစုပေါင်း         ၁၅၀ (၁၀၀)            ၄၂ (၁၀၀)        ၁၉၂ (၁၀၀)

 

တတိယလှိုင်း ရိုက်ခတ်စဉ် အတွင်းမှာတော့ ဒီမိုကရေစီနိုင်ငံတွေ က အရေအတွက်အားဖြင့်ရော အချိုးအစားအားဖြင့်ပါ ၂ ဆလောက် များခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်အဆုံးမှာ ကမ္ဘာပေါ်မှာ ဒီမိုကရေစီ နိုင်ငံပေါင်း ၁၀၄ ခု (ဖရီးဒမ်းဟောက်စ်က ရေတွက်ထားတာထက် ၁၇ နိုင်ငံ လျော့နည်းပါတယ်) လောက်ရှိတယ်လို့ ကျနော်တို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါပေမယ့် တတိယလှိုင်း အထွတ်အထိပ်ကို ရောက်စဉ်မှာ ရှိခဲ့တဲ့ ၃၉ နိုင်ငံထက် ၂ ဆကျော် ပိုများပါတယ်။ အဲဒီအရေအတွက်က  ကမ္ဘာပေါ်မှာရှိတဲ့ အုပ်ချုပ်ရေး စနစ်တွေရဲ့  ၅၄ ရာခိုင်နှုန်း လောက်ရှိပြီး ၁၉၇၄ ခုနှစ်တုန်းက ကမ္ဘာ့နိုင်ငံ အချိုးအစားရဲ့  ၂ ဆလောက် ရှိပါတယ်။ အဲဒီတုန်းက ရှိခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံ ၁၀ ခုမှာ ၇ ခု လောက်ကို (အရပ်ဖက်နဲ့ နိုင်ငံရေး လွတ်လပ်မှုတွေအပေါ် အခြေခံလို့ အမှတ် (၁) ကနေ (၇) လောက်အထိ ဖရီးဒမ်းဟောက်စ် အဖွဲ့ကြီးက ပေးပြီး တိုင်းတာကြည့်လိုက်တဲ့အခါ အဲဒီနိုင်ငံတွေက ၂ မှတ်ကနေ ၂ မှတ်အောက်ကို လျော့နည်းပြီး ရတာကြောင့်) လစ်ဘရယ်ဖြစ်တယ်လို့ ကောက်ယူနိုင်ပါတယ်။

တခြား ၃၁ နိုင်ငံကတော့ ရွေးကောက်ပွဲ သက်သက်သာ ဖြစ်ပြီး လစ်ဘရယ် မဆန်ကြပါဘူး။ တချို့နိုင်ငံတွေမှာ မလွတ်မလပ် ဖြစ်နေတာက တော်တော်လေးကို ထင်ရှားနေပြီး အရပ်ဖက် လွတ်လပ်ခွင့်တွေမှာ အလယ်အလတ် အဆင့်လောက်တောင် မရှိကြပါ။ နိုင်ငံပေါင်း ၁၇ နိုင်ငံကတော့ ရွေးကောက်ပွဲသက်သက် ဒီမိုကရေစီနဲ့ ယှဉ်ပြိုင်မှုရှိသော အာဏာပိုင်စနစ်ကြား  ပြတ်ပြတ်သားသား မပြောနိုင်တဲ့အဆင့်မှာ ကျရောက်နေတာကြောင့် ယတိပြတ် မပြောနိုင်သော အုပ်ချုပ်ရေးစနစ်များလို့ ကျနော်က သတ်မှတ်ချင်ပါတယ်။ သူတို့ကို ဘယ်လို အမျိုးအစား ခွဲခြားသတ်မှတ်ရမယ်ဆိုတာ တခြားလွတ်လပ်တဲ့ ပညာရှင်တွေ အချင်းချင်းကြားမှာလည်း   သဘောထား ကွဲလွဲကြပါတယ်။ အဲဒီထဲကမှ နိုင်ငံပေါင်း ၁၇ ခုလုံးနီးပါးကို ယှဉ်ပြိုင်မှုရှိသော အာဏာပိုင်စနစ်များလို့ သမုတ်နိုင်ပါတယ်။

အဲဒီလိုသာ ခွဲခြားသတ်မှတ်မယ်ဆိုရင် ယှဉ်ပြိုင်မှုရှိသော အာဏာပိုင်စနစ်များ ဆိုတာက ၂၁ နိုင်ငံကနေ ၃၈ နိုင်ငံလောက်အထိကို တိုးပွားသွားနိုင်ပြီး အချိုးအစားအားဖြင့်တော့ ၁၁ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း လောက်အထိ များသွားနိုင်ပါတယ်။ တော်တော်ကို သိသာထင်ရှားပြီး အရေးပါတဲ့ ကိန်းဂဏန်းလို့ ပြောလို့ရပါတယ်။ နောက်ထပ် နိုင်ငံပေါင်း ၂၅ ခုလောက်ကတော့ ရွေးကောက်ပွဲရှိသော အာဏာပိုင်စနစ်လို့ ပြောလို့ရနိုင်ပေမယ့် တစုတဖွဲ့တည်းက အာဏာလွှမ်းမိုးထားတာကို တွေ့ရပါတယ်။ လယ်ဗစ်စကီး နဲ့ ဝေးလ်တို့ ရှင်းပြထားခဲ့တဲ့ ယှဉ်ပြိုင်မှု အတိုင်းအတာနဲ့ ပုံစံတွေ မရှိကြသလို (တချို့ အာဖရိကနိုင်ငံတွေအတွက်) နီကိုးလပ်စ် ဗန်ဒယ် ဝေးလ်  ရှင်းပြထားတဲ့ ယှဉ်ပြိုင်မှုတွေလည်း မရှိကြပါ။ အဲဒီနိုင်ငံတွေက ရွေးကောက်ပွဲတွေနဲ့ တခြား “ဒီမိုကရက်တစ်” အင်စတီကျူးရှင်းတွေက အပေါ်ယံ ဟန်ပြလောက်သာဖြစ်ပြီး အတိုက်အခံ နိုင်ငံရေးအဖွ့ဲတွေအတွက်၊ လွတ်လပ်တဲ့ မီဒီယာတွေအတွက်၊ လူမှုအဖွဲ့အစည်းတွေအတွက် လုပ်ပိုင်ခွင့်နေရာ အနည်းအကျဉ်းကိုပဲ ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမယ့် သူတို့က အစိုးရကို ပြတ်ပြတ်သားသား ဝေဖန်တာ စိန်ခေါ်တာတော့ မလုပ်နိုင်ပါ။  ကျန်တဲ့ ၂၅ နိုင်ငံကတော့ နိုင်ငံရေးအရ ပြိုင်ဆိုင်မှုနဲ့ ဗဟုဝါဒ ထွန်းကားဖို့အတွက် ဖွ့ဲစည်းတည်ဆောက်ထားပုံ တစိုးတစိမှ မရှိတာကြောင့် နိုင်ငံရေးအရ ပိတ်ဆို့ထားတယ် လို့ပြောလို့ရနိုင်ပါတယ်။

နိုင်ငံတွေကို အမျိုးအစား ခွဲခြားပြတဲ့ ဇယား (၁) နဲ့ အဲဒီဇယား (၁) ကို ရေးဆွဲဖို့ အခြေခံအဖြစ်သုံးတဲ့ နည်းစနစ်တွေကြောင့် စိတ်ဝင်တစား ပြောဆိုဆွေးနွေးရမယ့် အချက်တွေနဲ့ အကြောင်းကိစ္စတွေ ပေါ်လာပါတယ်။ အဲဒီအထဲမှာ အံ့သြစရာ အကောင်းဆုံးကတော့ နိုင်ငံရေးအရ ပိတ်ဆို့ထားတဲ့ နိုင်ငံတွေအရေအတွက်နဲ့ အချိုးအစားက လျော့နည်းကျဆင်းသွားတာပါ။ အဲဒီလို နိုင်ငံရေး အခြေအနေတွေ တိုးတက်ပြောင်းလဲလာတာကို ကမ္ဘာတခွင်မှာ တဖြည်းဖြည်း တိုးမြင့်ရလာနေတဲ့ လွတ်လပ်မှုတွေ (ဖရီးဒမ်းဟောက်စ် အဖွ့ဲကြီးရဲ့ အချက် ၇ ချက်ပါ ယေဘုယျ အကဲဖြတ်ချက်မှာ သူတို့က ၁၉၇၄ ခုနှစ်မှာ ၄.၄၇ ရှိထားရာကနေ ၂၀၀၁ ခုနှစ်မှာ ၃.၄၇ အထိ မြင့်တက်သွားပါတယ်) က တစိတ်တပိုင်း ရောင်ပြန်ဟပ် ဖော်ပြနေပါတယ်။

အဲဒီအမှတ်ပေး စည်းမျဉ်းစည်းကမ်းမှာ ၆.၅ ကနေ ၇ အထိ ရောက်နေတယ်ဆိုရင် တော်တော် ဆိုးဆိုးဝါးဝါး ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်တယ်လို့ ပြောနိုင်ပြီး အဲဒီလိုနိုင်ငံတွေ အရေအတွက်နဲ့ အချိုးအစား လျော့နည်းသွားတာကို ကြည့်ခြင်း အားဖြင့်လည်း နိုင်ငံရေးပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာ တစိတ်တပိုင်း သိနိုင်ပါတယ်။ အဖိနှိပ်ဆုံး အချုပ်ချယ်ဆုံး အစိုးရတွေက ၁၉၇၄ ခုနှစ်မှာ ၂၉ နိုင်ငံရှိရာကနေ ၂၀၀၁ ခုနှစ်မှာ ၂၁ နိုင်ငံလောက်ပဲ ရှိတော့ပြီး အချိုးအစားအားဖြင့်တော့ ၅ ပုံ ၁ ပုံကနေ ၁၀ ပုံ ၁ ပုံလောက်အထိ (၁၁ ရာခိုင်နှုန်း) ကျဆင်းသွားပါတယ်။

ဒါကြောင့်မို့ ဒီမိုကရေစီကို သွားနေတဲ့ လမ်းကြောင်းနဲ့အပြိုင် အယောင်ဆောင် ဒီမိုကရေစီဆီကိုသွားတဲ့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ လမ်းကြောင်းတခုလည်း ထပ်ကြပ်မကွာ လိုက်နေတယ်ဆိုတာ တွေ့ရပါတယ်။ ၁၉၇၄ ခုနှစ်မှာ ရှိခဲ့တဲ့ အုပ်ချုပ်ရေး စနစ်တွေထဲမှာ ၆ ခု (၅ ရာခိုင်နှုန်းထက် နည်းပါး) လောက်ကပဲ ရှက်ချ်ဒလာရဲ့ သတ်မှတ်ချက်ကို ပြည့်မီပြီး ရွေးကောက်ပွဲရှိသော  အာဏာပိုင်စနစ်ဆိုတဲ့ အုပ်စုထဲမှာ အကျုံးဝင် ကြပါတယ်။ ရွေးကောက်ပွဲရှိသော အာဏာပိုင်စနစ်ဆိုတာကတော့ နိုင်ငံတခုမှာ ဒီမိုကရေစီ အပြည့််အ၀ မရသေးပေမယ့် ပါတီစုံရွေးကောက်ပွဲတွေကို ကျင်းပပေးပြီး နိုင်ငံရေး ဗဟုဝါဒကို အတိုင်းအတာ တော်တော်များများ ကျင့်သုံးခွင့် ပေးထားပါတယ်။ ကျန်တဲ့ နိုင်ငံတွေကတော့ စစ်အာဏာရှင်၊ တပါတီအာဏာရှင်နဲ့ လူပုဂ္ဂိုလ် အစွဲပြုအာဏာရှင် နိုင်ငံတွေ ဖြစ်ကြပါတယ်။ ဒီနေ့မှာတော့ နိုင်ငံပေါင်း ၄၅ ခု (၆၀ လောက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်) လောက်က ရွေးကောက်ပွဲရှိသော  အာဏာပိုင်စနစ်တွေ ဖြစ်ကြပြီး နိုင်ငံတွေအားလုံးရဲ့ ၃ ပုံ ၁ ပုံကနေ ၄ ပုံ ၁ ပုံလောက်အထိ ရှိကြပါတယ်။ ပါတီစုံရွေးကောက်ပွဲတွေကို အပြိုင်အဆိုင်ကျင်းပကြတဲ့ အာဏာပိုင်နိုင်ငံတွေက တတိယလှိုင်းအတွင်းမှာ များပြားလာလိုက်တာ ဒီမိုကရေစီနိုင်ငံတွေ များပြားလာတဲ့နှုန်းထက် အချိုးအစားအားဖြင့် အများကြီး ပိုနေပါတယ်။

တချိန်တည်းမှာပဲ စစ်အာဏာရှင် အုပ်ချုပ်ရေးတွေလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားပါပြီ။ အသွင်ကူးပြောင်း အုပ်ချုပ်ရေးစနစ် အဖြစ်နဲ့ ပျောက်ကွယ်တာ မဟုတ်ဘဲ တခြားတမျိုးတမည်သော အုပ်ချုပ်ရေး ပုံစံတွေအဖြစ်နဲ့ ပျောက်ကွယ်တာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ နိုင်ငံရေးရည်မှန်းချက်ရှိတဲ့ စစ်သားတွေက သမ္မတဖြစ်လာနိုင်ရေးအတွက် (လိမ်ညာမှုတွေ၊ အကျပ်ကိုင်မှုတွေ၊ မသမာမှုတွေ ဘယ်လောက်ပဲ ရှိနေပါစေ ) အကြိတ်အနယ် ယှဉ်ပြိုင်မှုရှိတဲ့ ပါတီစုံရွေးကောက်ပွဲတွေမှာ ဝင်ရောက်ပြီး သူတို့ရဲ့ တရားဝင်မှုကို တည်ဆောက်တာ ဒါမှမဟုတ် ပါတီစုံအုပ်ချုပ်ရေး စနစ်အတွင်း အရပ်ဝတ်ကို ပြောင်းဝတ်ပြီး နိုင်ငံရေးအရ စီးပွားရေးအရ ကိုယ်ထင်သလို ချယ်လှယ်နိုင်တဲ့ နယ်ပယ်လေးတွေကို ကွက်ကွက်ကွင်းကွင်း တည်ဆောက် ထားတာတွေ လုပ်တတ်ကြပါတယ်။

ပထမလမ်းကြောင်းကိုတော့ ဂါနာ နိုင်ငံ အာဏာရှင် ဂျယ်ရီရောလင်း နဲ့ ဂမ်ဘီယာ နိုင်ငံက ရာဟွား ဂျာမဲ အပါအဝင် အာဖရိက စစ်အာဏာရှင်တွေ အမြောက်အများ လျှောက်လှမ်းထားပါတယ်။ ၁၉၉၈ ခုနှစ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ နိုင်ဂျီးရီးယား အာဏာရှင် ဆန်နီအဘာချာလည်း အဲဒီလိုလုပ်ဖို့ ကြိုးစားနေတုန်းမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး (နောက်တာ့ သမ္မတဖြစ်လာသူ) ပါဖက်စ်မူရှာရက်ဖ်လည်း ပါကစ္စတန်မှာ အဲဒီလိုဖြစ်အောင် ကြိုးစားနေနိုင်ပြီး သူကတော့ ပြည်သူလူထုရဲ့ တကယ့်စစ်မှန်တဲ့ ထောက်ခံမှုကို ရကောင်းရနိုင်ပါတယ်။ ဒုတိယလမ်းကြောင်းကိုတော့ အင်ဒိုနီးရှားစစ်တပ်က လျှောက်လှမ်းထားပါတယ်။ တူရကီ၊ ထိုင်း၊ နိုင်ဂျီးရီးယား နဲ့ လက်တင်အမေရိကရဲ့  တချို့နိုင်ငံတွေကလည်း (အင်ဒိုနီးရှားလောက် ထင်ထင်ရှားရှားကြီး မဟုတ်ပေမယ့်) ဒုတိယလမ်းကြောင်းကို လျှောက်လှမ်းထားပါတယ်။

တိုင်းပြည်အရွယ်အစားနဲ့ အစိုးရစနစ်တွေကြားမှာ ရှိနေတဲ့ ဆက်စပ်နေမှုကလည်း အံ့သြလောက်စရာပါပဲ။ လူဦးရေ ၁ သန်းထက် လျော့နည်းတဲ့ နိုင်ငံတွေက ဒီမိုကရေစီလည်းဖြစ် လစ်ဘရယ်ဒီမိုကရေစီလည်း ပိုပြီးဖြစ်နိုင်တာကို  လွန်ခဲ့တဲ့ နှစ်နည်းငယ်မှာ ကျနော် ထုတ်ဖော်တင်ပြခဲ့ပါတယ်။ အဲဒီလို လူဦးရေ ၁ သန်း မပြည့်တဲ့ နိုင်ငံတွေမှာ ၃ ပုံ ၂ ပုံလောက်က လစ်ဘရယ်ဒီမိုကရေစီ တိုင်းပြည်တွေဖြစ်ကြပြီး လူဦးရေ ၁ သန်းကျော်တဲ့ နိုင်ငံတွေမှာတော့ ၃၀ ရာခိုင်နှုန်း လောက်ကပဲ လစ်ဘရယ် ဒီမိုကရေစီ ဖြစ်နေတာကို တွေ့ကြရပါတယ်။ လူဦးရေ ပိုများတဲ့ နိုင်ငံပေါင်း ၁၅၀ လောက်ထဲမှ တဝက်လောက်ကပဲ ဒီမိုကရေစီတွေဖြစ်ကြပြီး လူဦးရေနည်းပါးတဲ့ နိုင်ငံတွေမှာတော့ ၇၀ ရာခိုင်နှုန်းလောက်က ဒီမိုကရေစီတွေ ဖြစ်ကြပါတယ်။ လူဦးရေ ၁ သန်းထက်ကျော်တဲ့ နိုင်ငံတွေက ရွေးကောက်ပွဲသက်သက် အာဏာပိုင်စနစ် ဖြစ်လာဖု့ိ နိုင်ငံငယ်လေးတွေထက် အခွင့်အလမ်း ၂ ဆလောက် ပိုများပြီး နိုင်ငံရေး လွတ်လပ်ခွင့်ကို ပိတ်ထားတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်လာဖို့ နောက်ထပ် ၅၀ ရာခိုင်နှုန်းလောက် ဖြစ်နိုင်ချေပိုများပါတယ်။

ဆက်လက်ဖော်ပြပါမည်။

(လယ်ရီဒိုင်းမွန်းသည် Journal of Democracy ၏ ပူးတွဲအယ်ဒီတာ၊ National Endowment for Democracy’s International Forum for Democratic Studies ၏ ပူးတွဲညွှန်ကြားရေးမှူး တာဝန်များကို ထမ်းဆောင်လျက်ရှိပြီး Hoover Institution တွင်လည်း ထိပ်တန်းခေါင်းဆောင် တယောက်ဖြစ်သည်။ မကြာသေးခင်က ထွက်ရှိထားသော စာအုပ်များမှာ Political Parties and Democracy  [Richard Gunther နှင့် ပူးတွဲတည်းဖြတ်]  နှင့် The Global Divergence ofDemocracies (Marc F. Plattner နှင့် ပူးတွဲတည်းဖြတ်) တို့ဖြစ်သည်။)

Your Thoughts …
လယ်ရီ ဒိုင်းမွန်း

လယ်ရီ ဒိုင်းမွန်း

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
သီလဝါ, လေလံတင်,အကောက်ခွန်ဦးစီးဌာန,ညွှန်ကြားရေးမှူးဦးကျော်ဝင်း,စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန,ပြည်သူ့ဘဏ္ဍာ

ပြည်ပမှ တင်သွင်းသည့် ယာဉ်အစီး ၄၀၀ ကျော်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်း

ရိုးသား ကြိုးစားမှုရဲ့  ရလာဒ် (ရုပ်/သံ)

ရိုးသား ကြိုးစားမှုရဲ့ ရလာဒ် (ရုပ်/သံ)

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate