သတင်းတို
သမ္မတနှင့် KNU ထပ်မံ တွေ့ဆုံ
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးတို့ ယမန်နေ့က ၂ နာရီကြာ တွေ့ဆုံပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကြီး ပေါ်ပေါက်လာစေရေး နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ယုံကြည်မှုတည်ဆောက်ပြီး စားပွဲဝိုင်းတွင် ဖြေရှင်းကြရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ထို့အပြင် ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် တပ်မတော်၏ ရပ်တည်ချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။