သတင်းတို
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကျဉ်းသား ၁၃၀၀၀ ကျော် လွှတ်
This article has been converted from Zawgyi One to Unicode
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား ၁၃၂၇၄ ဦးကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ သမ္မတရုံး၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အမျိုးသား ၁၁၁၂၄ ဦး၊ အကျဉ်းသူ အမျိုးသမီး ၂၁၅ဝ တို့အား လွှတ်ပေး ခဲ့ခြင်း ဖြစ်သည်ဟု ပါရှိသည်။