ဂျပန်ဂက်စ် ကော်ပိုရေးရှင်း (JGC) က မြန်မာနိုင်ငံတွင် အင်ဂျင်နီယာ စွမ်းအားစုများကို ပြုစုပျိုးထောင်ပေးပြီး အင်ဂျင်နီယာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် Commerce စီးပွားရေး သတင်းဂျာနယ်တွင် ဖော်ပြထား သည်။ အဆိုပါ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် မကြာမီ ထူထောင်မည် ဖြစ်ပြီး အင်ဂျင်နီယာ ၂၀၀ ခန့်ကို ခန့်ထားသွားမည် ဖြစ်ကြောင်း၊ ယင်း ကော်ပိုရေးရှင်းသည် ကမ္ဘာ့နိုင်ငံများတွင် လုပ်ငန်းခွဲများ လုပ်ဆောင်လျက်ရှိပြီး JGC (Singapore), JGC (Indonesia), JGC (Vietnam) စသည်ဖြင့် ထူထောင် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။